"ဟိတ် ထတော့လေ။ဟိုတယ် ရောက်ပြီ.."
"ဟင် အင်း အွန်း...."
အသံပေါင်းစုံပေးကာ ထလာသော မောင့်ကြောင့် ကျွန်မပြုံးမိပြန်ပါသည်။အိပ်မှုန်စုတ်ဖွားနဲ့မောင်ဟာ ခုမှပတ်ဝန်းကျင်ကို အကဲခတ်သလို လိုက်ကြည့်နေသည်။
"ရောက်ပြီလားရှင့်.."
"အွန်း မင်းအတော် အိပ်ပျော်သွားတာ..."
"ဟီး ဟုတ်လား.."
မောင်ဟာ ရယ်ကာ ခေါင်းကိုငုံ့ထားလေသည်။ရှက်သွားတယ်ထင်ပါ့။ရှက်လို့ ရယ်နေတဲ့ မောင့်ရဲ့ ပုံစံလေးဟာလဲ ကျွန်မတွက် နှစ်သက်စရာ တစ်ခုဖြစ်လာပြန်ပါပြီ။
ကားပေါ်ကဆင်းတော့ ဝန်ထမ်းတွေက အလိုက်တသိ လာကြိုကာ အထုတ်တွေကို ကူဆွဲပေးသည်။အလုပ်ရှင်ဖြစ်တာမို့ အထူးခန်းမှာ အသေချာ စီစဉ်ပေးထားသည်။
"CEO ဖူးက ဒီအခန်းထဲမှာ နေရမှာလားဟင်..."
အခန်းထဲကို ဝေ့ဝဲကြည့်ကာ မေးမြန်းလာသော မောင်ပါလေ။
"ဟုတ်တယ်လေ ဘာလို့လဲ..."
"ဟို CEO နဲ့နှစ်ယောက်အတူ တစ်ခန်းထဲမှာ နေရမှာပေါ့နော်...."
"အွန်း...."
"ဟို ဖူး တခြား အခန်းမှာ နေလို့မရဘူးလားဟင်...."
"ဘာလို့လဲ.."
"ရှင်..."
"ဘာလို့လဲလို့ တို့နဲ့တစ်ခန်းတည်း အတူနေရမှာ မင်းအတွက် ဘာလို့ ခက်ခဲနေတာလဲ.."
"အဲ့လို မဟုတ်ပါဘူး CEO။ဖူးအတွက် ခက်ခဲလို့ ဆိုတာထက် CEO စိတ်ရှုပ်မှာစိုးလို့ပါ။ပြီးတော့ အခန်းက VVIP အခန်းဆိုတော့ ဖူးကြောင့် တစ်ခုခု ပျက်စီးသွာမှာ စိုးရိမ်မိလို့ပါ...."
"မလိုဘူး မင်းဘာကိုမှ တွေးပူနေစရာမလိုဘူး။တို့လဲ စိတ်ရှုပ်မှာ မဟုတ်သလို အခန်းထဲက ပစ္စည်းတွေ ပျက်စီးမှာကိုလဲ မင်းစိတ်ပူစရာမလိုဘူး။မင်း ဆန္ဒရှိရင် ဒီဟိုတယ် တစ်ခုလုံးကိုပါ မီးရှို့လိုက်လို့ရတယ် တို့စိတ်မဆိုးဘူး..."
"ရှင် ဟို အဲ့လောက်ထိတော့ မလိုပါဘူးရှင့်..."
"မင်း နားတော့မလား။ပင်ပန်းထားတော့ အိပ်ချင်အိပ်လိုက်ဦးလေ မဟုတ်လဲ ရေချိုးတော့။အလုပ်ကတော့ နောက်နေ့မှ စလုပ်ကြာတာပေါ့..."
YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...