"မောင် မောင်လေ အန်တီနန်းကို ချစ်နိုင်ဖို့ ကြိုးစားကြည့်ရမလားလို့..."
ကျွန်မရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ပြီး မေးလာတဲ့မောင့်ကို ကျွန်မ ပြုံးပြလိုက်ပြီး...
"မောင့်ဆီက ဒီလို စကားမျိုးကြားရတာနဲ့တင် တို့ ပျော်ပါတယ်။ဒါပေမယ့် မောင်ရယ် သူ့ကို မေ့နိုင်ဖို့ အတွက်နဲ့တော့ မောင့်နှလုံးသားထဲ တို့ကို အတင်းမသွင်းပါနဲ့။မောင် ပင်ပန်းလိမ့်မယ်..."
ညဟာ တိတ်ဆိတ်သွားသည်။အမှောင်ထုဟာ ကြီးစိုးလာသည်။မောင့် မျက်လုံးတွေ အရောင်ဖျော့လာသည်။ကျွန်မနှလုံးသားက ပျော်ရွှင်ခြင်းနှင့်အတူ နာကျင်လာရသည်။
"မောင်က တကယ်မကောင်းတဲ့ သူပဲနော်.."
မောင်က ခေါင်းကို ငုံ့ထားလေသည်။မောင့်ရဲ့ လေသံခပ်တိုးတိုးလေးဟာ အတော်ပင် အားပေါ့လို့ နေချေပြီ။ဒီမိန်းမက မောင့်ရဲ့ အဲ့လို ပုံစံကို မြင်ရက်တယ် ထင်သလား မောင်ရယ်။
"တို့ကို ကြည့်ပါဦး မောင်ရယ်.."
မောင့်ရဲ့ မေးဖျားလေးကနေ ဆွဲယူလိုက်တော့ အလိုက်သင့်လေး ပါလာလေသည်။မောင်နဲ့မျက်လုံးချင်းဆုံမိတိုင်း ခုန်ပေါက်နေတတ်တဲ့ နှလုံးသားလေးကို ကျွန်မ မထိန်းတတ်တော့ပေ။မောင်ဟာလေ ထိုမျှထိ ကျွန်မပေါ် သက်ရောက်မှုရှိသည်။
"တို့အတွက်တော့လေ မောင်က ကမ္ဘာပေါ်မှာ အကောင်းဆုံး လူသားတစ်ယောက်ပါ။အဲ့တာကြောင့် မောင်ဘာကိုမျှ အားငယ်နေစရာ မလိုဘူးနော်။တို့ကို ချစ်ဖို့ အတင်း မတိုက်တွန်းပါဘူး။မမုန်းရင်ကို နေသာထိုင်သာ ရှိလှပါပြီ။ဒါပေမယ့် မောင့်ရဲ့ ဖြစ်တည်မှုတိုင်း ကျင်လည်မှုတိုင်းကတော့ တို့ အနားမှာပဲ ဖြစ်ရမယ်မောင်.."
အန်တီနန်းရဲ့ ထိုသို့သော စကားလုံးတွေကို ကျွန်မ နားမလည်ပါ။ဒါဟာ ဘာကိုဆိုလိုပြီး ဘယ်လိုများ အဓိပ္ပာယ် သက်ရောက်ပါသလဲ။
"မောင် နားမလည်ဘူး အန်တီနန်း။မောင့်ကိုလေ သေချာလေး ပြောပါလားဟင်.."
"အရိုးရှင်းဆုံးပြောရရင်တော့ တို့ မသေသေးသရွေ့ မောင်က တို့ အနားမှာပဲ ရှိနေရမယ်လို့ ဆိုလိုတာပဲ မောင်..."

YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...