"ဒီ project နဲ့ပက်သက်ပြီး အကြံပေးစရာများရှိကြသေးလား.."
"ကျွန်တော်တို့ဘက်ကတော့ ပြောစရာမရှိတော့ပါဘူး။ဒေါ်နန်းထိုက်သခင်ရဲ့ အစီစဉ်က ပြန်ပြင်စရာမလိုလောက်အောင် ပြည့်စုံနေပါပြီ..."
"ဒါဆို ဒီနေ့ meeting ကို ဒီမှာပဲ ရပ်ကြတာပေါ့.."
"အော် ဒါနဲ့ ကျွန်တော်တို့ပြောစရာ တစ်ခုကျန်နေသေးတယ်ဗျ..."
"ဘာများလဲ ဦးမင်းသာ လုပ်ငန်းကိစ္စနဲ့ပက်သက်ပြီး ဘာများပြောစရာကျန်နေသေးလို့လဲ..."
"လုပ်ငန်းကိစ္စတော့ မဟုတ်ပါဘူး။ဒေါ်နန်းထိုက်သခင်က ခုဆို ကုမ္ပဏီမှာ အမြဲလိုလို ရှိနေတတ်တယ်လေ ပြီးတော့ လုပ်ငန်းမှန်သမျှကိုလဲ အားလုံးနီးပါး တစ်ယောက်တည်းလုပ်နေရတာဆိုတော့ အတွင်းရေးမှူးပဲဖြစ်ဖြစ် ကိုယ်ရေးအရာရှိပဲဖြစ်ဖြစ် ခန့်ပါလားလို့ အကြံပေးချင်လို့ပါ...."
"အင်း အဲ့ကိစ္စကို ကျွန်မလည်း စဉ်းစားထားပါတယ်။ယုံကြည်စိတ်ချရပြီး ကျွန်မနဲ့လည်း အဆင်ပြေမယ့် တစ်ယောက်တော့ ကျွန်မတွေ့ထားတယ်။ဒါပေမဲ့ ရှင်တို့ဆီကလည်း ထောက်ခံမှုရဖို့လိုနေသေးတာကြောင့် ကျွန်မမပြောဖြစ်သေးတာပါ..."
"ဘယ်သူများလဲဗျ...."
"ကြာဖူးမောင်ပါ.."
မောင့် နာမည်ကြားတော့ ရှယ်ယာရှင်များဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မယုံကြည်သလိုပုံစံမျိုးကို တွေ့နေရသည်။
"ဒါပေမဲ့ သူကဒီမှာ အလုပ်ဝင်တာ သုံးလလောက်ပဲ ရှိသေးတယ်မလား။လုပ်ငန်းအတွေ့အကြုံကော ကျွမ်းကျင်မှုပါ ဘာမှမရှိဘူးလေ..."
ရှယ်ယာရှင်တစ်ယောက်ရဲ့ အပြောကြောင့် ကျွန်မ မထိတထိပြုံးကာ....
"ကျွမ်းကျင်မှုနဲ့အတွေ့အကြုံဆိုတာ အချိန်တစ်ခုကိုရောက်တဲ့အခါ သူ့အလိုလိုဖြစ်သွားမှာပါ။အရေးကြီးတာက ကိုယ်အတွက် ရေရှည်မြဲပြီး သစ္စာရှိရှိ အလုပ်လုပ်ပေးဖို့ပဲမဟုတ်ဘူးလား။ပြီးတော့ ကြာဖူးမောင်က အဲ့လိုလူမျိုးလို့ ကျွန်မထင်တယ်။ဒါကြောင့် ကျွန်မကတော့ သူ့ကိုကျွန်မရဲ့ကိုယ်ရေးအရာရှိခန့်ချင်တယ်။ကျွန်မရဲ့ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲ့သူရှိသလား...."

YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...