"ရှင်ဘာလို့ ကျွန်မနောက်ကနေ လိုက်နေတာလဲ..."
အနောက်ကနေ ယောင်လည်လည်နဲ့လိုက်လာတဲ့ မျက်နှာရူးဒေါ့်ဒေါ့်ကို လှည့်မေးလိုက်တော့ မချိုမချဉ်ရုပ်ဖြင့် ရယ်ပြလာသည်။
"ရှင် အနောက်ကနေ လိုက်မလာနဲ့တော့နော်။စိတ်ရှုပ်ဖို့ ကောင်းလိုက်တာ.."
"ကောင်းပြီလေ ကလေးမက မလိုက်စေချင်ရင် တို့ ကလေးမနောက်ကနေ မလိုက်တော့ပါဘူး..."
"ဟွန့် ပြီးတာပဲ..."
တကယ်နောက်ကနေ လိုက်မလာတော့တဲ့ ဒေါ်ဒေါ်ကြောင့် စကားတော့နားထောင်သားပဲလို့ တွေးလိုက်မိသည်။အတွေးပင် မဆုံးသေး သူကကျော့ရဲ့ ဘေးသို့ရောက်ရှိလာလေသည်။လှည့်ကြည့်လိုက်တော့ သုံးဆယ့်နှစ်ချောင်းသော သွားများပေါ်သည်ထိ ရယ်ပြနေပြန်သည်။
"ကလေးမက တို့ကို ကလေးမရဲ့ ဘေးမှာအတူယှဉ်ပြီး လျှောက်စေချင်တာမလား။တို့ သိပါတယ်"
"သေလိုက်ပါတော့ ကျော့ကေသီရယ်..."
တကယ်တော့ လျှာရှည်ပြီး ဆိုင်ကယ်ယူမလာဘဲ ဈေးဝယ်စင်တာကို လာခဲ့မိတဲ့ ကျော့ဘက်ကမှားတာ။ဈေးဝယ်ပြီး ပြန်ထွက်လာတော့ ဘယ်ကတည်းက ရောက်နေမှန်းမသိတဲ့ ဒေါ်ဒေါ်ဟာ ဆိုင်ရှေ့မှာ မိန့်မိန့်ကြီးရပ်လို့။သူ့ကားနဲ့အိမ်ပြန်လိုက်ပို့မယ်ပြောတာကို လမ်းလျှောက်ချင်လို့ဆိုပြီး ထွက်လာခဲ့တော့ ဒေါ်ဒေါ်ကလည်း သူ့ကားကိုထားခဲ့ကာ ကျော့နောက်ကနေ လိုက်ပါလာခြင်းဖြစ်သည်။
"ကလေးမ.."
"ဘာလဲ.."
ကျော့ကေသီတို့ ဒီလောက်ထိ အပြောအဆိုနူးညံ့ပါသည်။ဒါဟာလည်း ဒေါ်ဒေါ်ကြောင့်ပဲ မဟုတ်လား။
"မနက်ဖြန်ဆို ကလေးမ သူငယ်ချင်းနဲ့ တို့သူငယ်ချင်း လက်ထပ်ကြတော့မယ်နော်.."
ဟုတ်ပါရဲ့ မနက်ဖြန်ဆို ဖူးနဲ့CEOတို့ လက်ထပ်ကြတော့မယ်။သိပြီးသား အကြောင်းရာတွေကို ဘာကြောင့်များ စကားမရှိစကားရှာပြီး ပြောနေပါလိမ့်..
"အဲ့တော့ ဘာဖြစ်သလဲ.."
"တို့ ကလေးမနဲ့လက်ထပ်ချင်ပြီ.."

YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...