ဒီနေ့နဲ့ဆို ဖူး အလုပ်မသွားတာ တစ်ပတ်ပြည့်ပြီ။ဖေဖေ့အနားမှာပဲနေကာ လိုအပ်သမျှကို ပြုစုလုပ်ကိုင်ပေးရင်းသာ ဖူး ရဲ့အချိန်တွေကို ကုန်ဆုံးခဲ့သည်။ခုလည်း ရေပတ်တိုက်ပေးပြီးတော့ အိပ်ပျော်သွားတဲ့ ဖေဖေ့အနားမှာထိုင်ရင်း လက်တစ်ဖက်ကို ဆုတ်ကိုင်ထားမိသည်။
ဖေဖေ့အနားမှာ ခုလိုနေခွင့်ရတာကို ပြန်တွေးမိတိုင်း အန်တီနန်းကို ကျေးဇူးတင်မိသည်။သူ့ကြောင့်သာ ဖေဖေ့ရဲ့ အခြေနေမှန်ကို ဖူး သိခွင့်ရခဲ့တာမလား။ဖူး အလုပ်ပျက်တာကိုလည်း တစ်ခွန်းမှ အပြစ်မဆိုပဲ ဖေဖေ့အနားမှာသာနေဖို့ သူကိုယ်တိုင်ပြောရှာသေးသည်။
"ဖူးလေး သမီးရေ သမီးဖေဖေတွက် ကောင်တာမှာ ဆေးသွားဝယ်ပါဦးကွယ်..."
အပြင်မှ လိုအပ်တာများ ဝယ်ခြမ်းပြီး ပြန်လာတဲ့ မေမေက ထိုင်ပင်မထိုင်ရသေးဘဲ ပြောလေသည်။
"ဟုတ် မေမေ သမီးခုပဲ သွားလိုက်မယ်.."
"ဆေးစာအုပ်ယူသွားဦး သမီးရေ။မေမေ တစ်ခါတည်း ထုတ်ခဲ့ဖို့က စာအုပ်မေ့ကျန်ခဲ့လို့..."
"ဟုတ်ကဲ့.."
စာပွဲခုံပေါ်က ဆရာဝန်ရေးပေးထားတဲ့ ဆေးစာအုပ်လေးကိုယူကာ ဆေးကောင်တာသို့ ထွက်လာခဲ့သည်။လိုအပ်တဲ့ ဆေးတွေကို ဝယ်ပြီးပြန်အလာ ထောင့်ချိုးတစ်ခုတွင် လူတစ်ယောက်နှင့်တိုက်မိလေသည်။သူ့လက်ထဲက အထုတ်တွေ ကျသွားတာမို့ ကောက်ပေးရင်း...
"တောင်းပန်ပါတယ်နော် ဖူး မမြင်...ပျို..."
ကျသွားတဲ့ ပစ္စည်းတွေကို ကောက်ပေးရင်း မော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာပိုင်ရှင်လေး။မစေခိုင်းပါဘဲ နှုတ်မှ ထွက်သွားမိတာ သူမရဲ့ အမည်နာမလေးပင်
"ပျို ဘယ်နားနာသွားသေးလဲ ဟင်.."
"ပျို ဘာမှမဖြစ်ပါဘူး။ဒါနဲ့ မောင်က ဒီကို ဘယ်လိုဖြစ်လို့.."
"မောင့်အဖေ ဆေးရုံတက်နေရလို့ လာစောင့်နေတာပါ ပျိုကရော ဒီကိုဘာလို့..."
"ပျို...."
ဖူး ရဲ့စကားပင် မဆုံးသေး ပျို့နောက်ကနေ ထွက်ပေါ်လာတဲ့ အမျိုးသားတစ်ယောက်..
YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...