part 12

604 28 0
                                    

ဆူညံလွန်းလှတဲ့ အခန်းတွင်းထဲမှာ စကားသံတွေဟာ ပဲ့တင်ထပ်လောက်အောင်ထိ ကျယ်လောင်နေသည်။သူ့အထင် ကိုယ့်အထင် ပြောဆိုကြရင်း အငြင်းပွားမှုလေးတွေဟာလည်း မပါမဖြစ်။ထိုအချိန် အခန်းထဲသို့ ဝင်လာသူတစ်ဦးကြောင့် စောနက အခြေအနေဟာ ရုတ်ချည်းပြောင်းလဲသွားကာ ငြိမ်သက်သွားလေသည်။

CEO နေရာမှာ မာန်ပါပါထိုင်ရင်း အခန်းထဲရှိလူတွေကို တစ်ချက်ဝေ့ကြည့်လိုက်တာနဲ့ အားလုံးဟာ ခေါင်းငုံ့လျက်သား။ဒါပေါ့ ထိုအမျိုးသမီးဟာ ဘယ်သူမို့လို့လဲ နန်းထိုက်သခင်ပဲဟာ။အကြည့်တစ်ချက်နဲ့တင် လူတိုင်းကို ရှိန်စေနိုင်တဲ့ မျက်ဝန်းပိုင်ရှင်ပဲလေ။

"ဒီနေ့ ကျွန်မအစည်းဝေးခေါ်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မလက်ထပ်တော့မယ်ဆိုတာကို ပြောရင်း ဖိတ်စာလေးတွေ ဝေပေးလိုက်ချင်လို့...ရှင်တို့တွေ လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

တိုင်ပင်တာမဟုတ်သလို တောင်းဆိုတာလည်းမဟုတ်ဘဲ အမိန့်ပေးလိုက်ခြင်းသာ။အစည်းဝေးခန်းထဲက သူတွေကတော့ လာဝေပေးတဲ့ ဖိတ်စာကိုကြည့်ရင်း ဟာတွေဟင်တွေ ဖြစ်ကုန်ကြသည်။

"ကျွန်တော် အခုအမြင်မှားနေတာလား။မနန်းထိုက်သခင် လက်ထပ်မှာက မိန်းကလေး တစ်ယောက်တဲ့လား..."

ရှယ်ယာရှင်တစ်ဦးဆီက အသံကြောင့် နန်းမျက်ခုံးတို့ တွန့်ချိုးကာ

"မိန်းကလေးတစ်ယောက်ဖြစ်တော့ရော ဘာဖြစ်သလဲ။ခုခေတ်မှာ ဒါဟာ အထူးအဆန်းမှ မဟုတ်ဘဲ။ပြီးတော့ ကျွန်မ မိန်းမ‌တစ်ယောက်ကို လက်ထပ်လိုက်လို့လဲ ကျွန်မတို့ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်က လျော့ကျသွားမှာမှ မဟုတ်တာ..."

"ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ.."

"ပတ်ဝန်းကျင်က ကျွန်မကို ထမင်းကျွေးနေတာမဟုတ်ဘူး။ကျွန်မကိုယ်တိုင်ကလည်း ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးကြိုးစား လုပ်နေတာမို့ ပတ်ဝန်းကျင်ကို ကျွန်မ ဂရုမစိုက်ဘူး။ရှင်တို့ထဲမှာ ဂရုစိုက်တဲ့သူ ရှိတယ်ဆိုရင်လည်း အခုကတည်းက တစ်ခါတည်းပြောပြီး နှုတ်ထွက်သွားလို့ရတယ်နော်.."

အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်Where stories live. Discover now