ဒီနေ့ အန်တီနန်းက သူ့ကတိအတိုင်း ကျွန်မကို မန္တလေးကျုံးမြို့ရိုးဆီ ခေါ်သွားသည်။သမိုင်းဝင် ကျုံးကြီးဖြစ်တာကြောင့်ကော တစ်ခါမှ မရောက်ဖူးတာကြောင့်ပါ ကျွန်မထိုကျုံးကို အတော်အတန်ကြာ ကွေ့ပတ်ကြည့်ခဲ့သည်။
ညနေကမှ ထွက်လာတာမို့ ပြန်ချိန်ကျတော့ မှောင်ရိပ်သန်းနေပြီ။အပြန်မှာ ထိုနားရှိဈေးတစ်ခုအနီးမှာ ပွဲဈေးတန်းတွေ့တာကြောင့် ကျွန်မမှာ အန်တီနန်းကို ဝင်ဖို့ ပူဆာမိပြန်သည်။
အန်တီနန်းဟာလဲ ကျွန်မအလိုကျ ပွဲဈေးတန်းသို့ မောင်းပို့ပေးသည်။လူကျပ်တာကြောင့် ကားနဲ့သွားလို့အဆင်မပြေ။ထို့ကြောင့် အန်တီနန်းကော ကျွန်မပါ ကားပေါ်မှဆင်းကာ အတူတူလမ်းလျှောက်လာခဲ့ကြသည်။
ပွဲဈေးက အတော်ကြီးသည်ဟုပြောရမည်။ကွင်းပြင်ကျယ်မှာ အသေအချာ လုပ်ထားတာမို့ ကစားစရာတွေ အပြင် အစားအသောက်တွေလဲ အတော်စုံသည်။တစ်ချက်တစ်ချက် လူတွေက တိုးဝှေ့သွားတာမို့ အန်တီနန်းနဲ့ ကျွန်မလူချင်းကွဲသွားသည်မှာလဲ ခဏခဏ။
"လူတွေ အရမ်းများတယ် အန်တီနန်း..."
အန်တီနန်းလက်ကို အသာကိုင်ဆွဲမိတော့ မျက်လုံးဝိုင်းလေးနဲ့ ကြည့်လာတဲ့ အန်တီနန်းကို ကျွန်မပြုံးကာ ပြောလိုက်သည်။အန်တီနန်းကတော့ ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြကာ ကျွန်မခေါ်ဆောင်ရာဆီသို့သာ လိုက်ပါလာသည်။
"အန်တီနန်း ဖူးအဲ့တာ စီးချင်တယ်..."
ရှစ်တွဲပါတဲ့ ချားရဟတ်ကို လက်ညှိုးထိုးပြတော့ အန်တီနန်းက ပြုံးပြပြီး...
"မင်းစီးချင်သွားစီးလေ။တို့ ဒီကပဲစောင့်နေမယ်..."
"ဟာမရပါဘူး။ဖူးက အန်တီနန်းနဲ့ အတူစီးမလို့ကို။တစ်ယောင်ထဲ မစီးချင်ဘူး။နော် အန်တီနန်း ဖူးနဲ့အတူလိုက်စီးလေ နော် နော်လို့.."
အရပ်အမောင်းကိုမှ အားမနာ ချွဲနွဲ့စွာပြောလာတဲ့ မောင့်ပုံစံလေးကို ကျွန်မသဘောကျစွာ ကြည့်နေမိသည်။အမှန်တိုင်းပြောရရင် ကျွန်မ အမြင့်ကြောက်ပါသည်။ဒီလို ရဟတ်မျိုးကို အရင်ကတည်းက တစ်ခါမှ မစီးခဲ့။
YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...