ဒီနေ့က မြတ် မြန်မာပြည်ကိုပြန်ရောက်တဲ့ ပထမဆုံးနေ့ဖြစ်သည်။ပြန်ရောက်ရောက်ချင်း တစ်ဦးတည်းသော သူငယ်ချင်းဖြစ်သူ နန်းဆီသို့ ထွက်လာခဲ့သည်။ကံမကောင်းစွာနဲ့ပဲ နန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်သွားသည်တဲ့လေ။
မတွေ့ရမဲ့အတူတူ ပြန်တာပဲ ကောင်းပါတယ်ဆိုပြီး ရုံးမှပြန်ထွက်လာခဲ့ပြီး ကားပါကင်မှာ ကားအကွေ့တွင် မိန်းကလေးတစ်ဦးအား တိုက်မိလေသည်။အမှန်တော့ ကိုယ်က တိုက်မိတာမဟုတ်။သူကသာ ကိုယ့်ကိုတိုက်မိခြင်းပါ။ဒါပေမဲ့ လမ်းမှားနေတဲ့သူက ကိုယ်ဖြစ်နေတယ်လေ။
ကားပေါ်မှဆင်းကာ လဲကျသွားတဲ့ မိန်းကလေးကို အမြန်သွားထူပေးလိုက်သည်။ထူဖို့အတွက် လက်ကမ်းပေးတော့ ကိုယ့်ကိုမော့ကြည့်လာတဲ့ မျက်ဝန်းဝိုင်းလေးတွေ။နေရောင်အောက်မှာ တစ်လက်လက်တောက်နေတဲ့ မျက်ဝန်းဝိုင်းလေးတွေကိုငေးကြည့်နေမိတာ ပတ်ဝန်းကျင်ကို မေ့သွားတဲ့ထိပင်။
ထဖို့အတွက် ကိုယ့်လက်ကိုလှမ်းကိုင်လိုက်တဲ့အချိန် ဓာတ်လိုက်သလို ကျဉ်ကနဲ ခံစားမှုကို ခံစားလိုက်ရပြန်သည်။လက်ဆီကတော့မဟုတ်။ဝဲဘက်ရင်အုံဆီက အကောင်ငယ်လေးဆီက။
"အဆင်ပြေရဲ့လားကလေးမ.."
ကလေးမ ကလေးမတဲ့ ကိုယ်သူ့ကိုပေးမိတဲ့ နာမ်စားလေးက ကလေးမဆိုတာလေးပဲ။ခေါ်လို့ကောင်းလိုက်တာ။သူလေးကကိုယ့်ကို ဒေါ်ဒေါ်တဲ့။နိုင်ငံခြားမှာအနေများတဲ့ ကိုယ့်အတွက် တစ်မျိုးလေးဖြစ်နေပေမဲ့ သူလေးခါ်တဲ့နာမ်စားလေးမို့ သဘောကျမိတာအမှန်။
စောနကအကြောင်းလေးကို ပြန်တွေးမိတော့ မျက်နှာထက်မှာ အပြုံးတစ်ပွင့်ဟာ အလိုလိုပေါ်ပေါက်လာသည်။
"ဟူး ခုမှတစ်ခါပဲတွေ့ရသေးတယ်။မင်းကချက်ချင်းကြီး တို့ကိုရင်ခုန်အောင်လုပ်သွားတာပဲ။ကလေးဆိုးလေး.."
ရင်ဘတ်လေးကို အသာဖိကာ နှုတ်မှတိုးတိုးလေးရွတ်ဆိုမိသည်။
"ဟိတ် မြတ် ယူ ဟုတ်တယ်မလားဟင်..."
အသံကြားရာနောက်ကို လှည့်ကြည့်လိုက်တော့ နန်းကအံ့ဩနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေလေသည်။မြတ် သူ့ကိုပြုံးပြလိုက်ပြီး...

YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
De Todoတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...