"ညတိုင်း မောင့်ကို တို့ဒီလိုလုပ်ချင်တယ်.."
"ဟမ်!!"
အန်တီနန်းက ပြောပြီးသည်နှင့် ဖူးရဲ့ နှုတ်ခမ်းတွေကို တစ်ဖန်ပြန်ပြီး သိမ်းပိုက်ပြန်သည်။အပေါ်နှုတ်ခမ်းကို နမ်းလို့ဝရင် အောက်နှုတ်ခမ်းဆီ ကူးပြောင်းသွားလိုက် အောက်နှုတ်ခမ်းကို နမ်းလို့ဝရင် အပေါ်နှုတ်ခမ်းကို ပြန်ပြီးရန်ရှာလိုက်ဖြင့် အလုပ်ရှုပ်နေလေသည်။ဖူးမှာတော့ အပေါ်နဲ့အောက် အကူးအပြောင်းမှာ အလုအယက် အသက်ရှုနေရသည်။
နှုတ်ခမ်းတွေကိုနမ်းနေရင်း ဖူးရဲ့လည်တိုင်ကို လက်တစ်ဖက်ဖြင့် ပွတ်သပ်နေသလို ကျန်တဲ့လက်တစ်ဖက်က ဖူးနဲ့လက်ဖဝါးချင်းယှက်ကာ တင်းကြပ်စွာ ဆုတ်ကိုင်ထားလေသည်။
နန်း မောင့်ရဲ့ နှုတ်ခမ်းသားလေးတွေကို စိတ်လွတ်လက်လွတ် သုံးဆောင်နေမိသည်မှာ အချိန်တစ်ခုကြာသည်ထိပင်။အဖျားငွေ့ကြောင့် ပူနွေးနွေးဖြစ်နေတဲ့ မောင့်နှုတ်ခမ်းသား အိအိလေးဟာ ဘယ်အချိန်ပဲ နမ်းလိုက်ပါစေ ချိုအီနေသော အရသာမျိုးကို ပေးစွမ်းနိုင်သည်။နမ်းနေရုံ စုတ်ဆွဲနေရုံနဲ့တင် အားမရဘဲ နှုတ်ခမ်းအတွင်းသားထိကို လျှာဖျားလေးဖြင့် တိုးဝင်ကာ မောင့်ရဲ့လျှာလေးကိုပါ ရစ်ခွေ ကစားနေမိသည်။ရူးရချည်ရဲ့ မောင်ရယ်။ဒီအထိတွေ့တွေ ဒီနှုတ်ခမ်းတွေကြောင့် တို့တော့ ရူးရချည်ရဲ့။မတုံ့ပြန်တဲ့ အနမ်းတွေတောင် ဒီလောက်ထိ သာယာစေရင် မောင့်ရဲ့ တုံ့ပြန်အနမ်းတွေသာဆို ဘယ်လောက်များ ဆွဲမက်စရာ ကောင်းလိမ့်မလဲ။
"အွန့် အန်တီ ပြွတ် အန်တီနန်း အွန်း ခဏ...လေး ပြွတ် လွှတ်ပါ ပြွတ် လွှတ်ပါဦး..."
စောနကထက် ရှည်ကြာတဲ့ အနမ်းတွေကြောင့် ဖူးဘယ်လိုမှ မခံနိုင်တော့တဲ့ အဆုံး အန်တီနန်းကို တားရတော့သည်။ဒါတောင် အတော်ကြာတဲ့ထိ စိတ်ကြိုက် နမ်းရှိုက်ပြီးမှ လွှတ်ပေးလေသည်။
"အိပ်ကြရအောင် အန်တီနန်းရယ် နော်။မောင် တကယ်အိပ်ချင်နေပြီ။ပြီးတော့ မောင် နေလည်းမကောင်းဘူးလေ။အန်တီနန်း မောင်နဲ့ဒီလောက်ထိ ပူးကပ်နေတာ အန်တီနန်းကိုပါ အဖျားတွေ ကူးလိမ့်မယ်.."

YOU ARE READING
အမှားဟုသတ်မှတ်ခဲ့သည်ရှိသော်
Randomတကယ်လို့တို့မဟုတ်တဲ့တခြားအရာတစ်ခုက မောင့်ကို ပြုံးရွှင်စေခဲ့ရင် တို့အဲ့အရာကိုဖျက်ဆီးပစ်မယ်။ဒါကို မောင်ကအမှားလို့သတ်မှတ်ခဲ့သည်ရှိသော် စာသားမှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့သော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိ...