Chapter 40

475 76 2
                                    

Unicode

လမ်းလျှောက်လာရင်း ကုပိုင် ရုတ်တရက် ရပ်သွားသည်။ ဖန်းဝေ့ရွှမ်းက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ "ရှောင်ပိုင် ဘာဖြစ်လို့လဲ?"

ကုပိုင် သူတို့ရှေ့ရှိအရာကို ညွှန်ပြလိုက်သည်။ "အဲဒါကို မင်းမှတ်မိလား?"

သူ့တုံ့ပြန်မှုကို ကြည့်လိုက်ပြီး ဖန်းဝေ့ရွှမ်း ထိုအရာကိုမသိကြောင်း ကုပိုင် သိသွားတော့သည်။ ထို့ကြောင့် သူရှေ့သို့လျှောက်သွား၍ ငုတ်တုတ်ထိုင်ချကာ သစ်ကိုင်းငယ်တစ်ကိုင်းကို ကောက်ယူလိုက်ပြီး စတင်တူးတော့သည်။

"ရှောင်ပိုင် မင်းဘာလုပ်နေတာလဲ"  ဖန်းဝေ့ရွှမ်း၏မျက်၀န်းများသည် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

"ငါတို့အတွက် စားကောင်းတာတစ်ခု တူးနေတာ" ကုပိုင်ပြုံးပြီး ပြောလိုက်သည်။ ဒုတိယမြောက်ကမ္ဘာသည် အပြင်ကမ္ဘာကို အပြည့်အ၀ ကူးယူထားသည့်ကမ္ဘာဆိုပါက မြေကြီးအောက်တွင် ထိုအရာရှိသင့်သည်။

အနည်းဆုံး သူ ဤကမ္ဘာကိုရောက်လာကတည်းက ထိုပါဝင်ပစ္စည်းကို ကုန်တိုက်မှာပင် မတွေ့ခဲ့ရချေ။ တခြားသူတွက မတွေ့ခဲ့တာလား ဒါမှမဟုတ် ကုန်တိုက်မှာရှိနေတာကို သူသတိမထားမိခဲ့တာလားပဲ။

ကုပိုင် မြေကြီးကို ခက်ခက်ခဲခဲ တူးလိုက်ရသည်။ မကြာခင်မှာပင် အနီရောင်အသီးအနှံကို တူးဖော်ရရှိလိုက်၏။ ထိုအရာကို ဆွဲထုတ်လိုက်တော့ အရွက်များနှင့် အနီရောင်အသီးအနှံပါလာသည်။

ကုပိုင် အသီးများထဲမှတစ်ခုကို ကိုက်လိုက်တော့ နို့ရည်များ ထွက်လာသည်ကို သတိပြုမိသည်။ မျှော်လင့်ထားသည့်အတိုင်း ကန်စွန်းဥတစ်လုံးဖြစ်နေသည်။
ကန်စွန်းဥကင် ၊ ပူပူနွေးနွေးကန်စွန်းဥဖုတ် ၊ ကန်စွန်းဥမုန့် ၊ ကန်စွန်းဥပိုင်မုန့် ၊ ကန်စွန်းဥလုံး ၊ ကန်စွန်းဥပေါင်း တွေ . . .  ဒီအရာတွေကို စားရတော့မယ်လို့ တွေးနေရတာကတင် အရမ်းကောင်းနေပြီ။ ကုပိုင် သူ့တံတွေးကိုပင် မထိန်းနိုင်လုနီးပါးဖြစ်သွားရလေသည်။

"ရှောင်ပိုင် ဒါကဘာလဲ စားလို့ရလား" ဖန်းဝေ့ရွှမ်းက ကုပိုင်မြေကြီးထဲမှ တူးထားသော အနီရောင်အသီးအနှံကို ကြည့်၍ မေးလာ၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now