Chapter 44

808 124 1
                                    

Unicode

ကုပိုင်သည် ယခုအချိန်တွင် အဓိကအစားအစာအနေနှင့် ကန်စွန်းဥနှင့်မှိုအများအပြားကို ရရှိထားပြီး ၎င်းတို့ကို အစစ်အမှန်လက်တွေ့ကမ္ဘာတွင် တွေ့ရှိနိုင်ရန် ပိုမိုစိတ်အားထက်သန်လာသည်။

ကန်စွန်းဥ‌ခြောက်ကြော်ပြီးသွားသည့်အခါ ဖန်းဝေ့ရွှမ်းသည်လည်း သူ့ဟင်းလျာများကို ချက်ပြီးသွားလေပြီ။ သူက ကုပိုင်ဆီပြေးလာပြီး "ကန်စွန်းဥတွေက ချက်ပြီးပြီလား စားလို့ရပြီလား"

သင်းပျံ့သောရနံ့က သူ့ကို စားချင်လာစေ၏။ ၎င်းတို့က သွင်ပြင်အလွန်ကောင်းမွန်ပြီး ဆွဲဆောင်မှုရှိလှသည့်အနံ့ကြောင့် ဒါက သူ့ကို မျှော်လင့်ချက်အပြည့် ဖြစ်လာစေသည်။

အပင်သုတေသနဌာနက လူတွေထွက်လာပြီး မစားရဘူးဟု သူ့ကိုပြောလာလျှင်ပင် သူအရသာခံရမည်။

[အဲဒါက အနံ့အရမ်းကောင်းတယ် ရှောင်ပိုင် ဘာတွေလုပ်ထားတာလဲ အဲ့ဒါက စဉ့်သုတ်ထားသလို အဝါရောင်ဖြစ်နေပြီး အနံ့နဲ့ ပုံစံက အရမ်းကြည့်ကောင်းတယ် ငါစမ်းစားကြည့်ချင်တယ်!]

[ငါ စားဖို့မစောင့်နိုင်တော့ဘူး စမ်းစားကြည့်နိုင်ဖို့ စပွန်ဆာတွေက အစစ်အမှန်လက်တွေ့ကမ္ဘာမှာ ဘယ်အချိန်တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုမှာလဲ သူတို့က 'မြင်သာမြင်ရမကြင်ရ'ဆိုပြီး ငါတို့ကို  နှိပ်စက်နေကြတာမဟုတ်ဘူးလား]

[ ကန်စွန်းဥတွေက စားလို့မရဘူးလို့ ငါ မင်းတို့ကို ပြောခဲ့တယ်မဟုတ်ဘူးလား? မင်းတို့ ဘာလို့ စားဖို့စွန့်စားနေရတာလဲ ပိုင်ရှောင်ပိုင်က မင်းတို့ကို ငှားထားတာလား၊တစ်ခုခုလုပ်ထားတာလား ဒါမှမဟုတ် ဒီလိုလုပ်ဖို့ မင်းတို့ကို ပိုက်ဆံပေးထားတာလား ငါတို့လည်း ပိုက်ဆံရှာနိုင်အောင်ပြောပြလေ မင်းတို့ကောင်တွေ ဟမ်!]

[ငါလည်း နည်းနည်းစိုးရိမ်တယ် နောက်ဆုံးတော့  အဲ့ဒါစားလို့ရလားဆိုတာကို အပင်သုတေသနဌာနက မပြောပြသေးဘူး အဖြေကိုသူဘယ်လိုသိလဲ နောက်ပိုင်း တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ]

[သူသာ ပထမနေရာမှာဆက်ပြီး ရပ်တည်နိုင်သရွေ့ ငွေကြေးနဲ့ နာမည်ဂုဏ်သတင်းကို ရယူနိုင်ပြီး သူ့ကို ခုခံကာကွယ်ပေးမယ့် ပရိသတ်အမြောက်အမြားကို ဆွတ်ခူးနိုင်မှာပဲလေ ငါတို့ဘာတွေဖြစ်သွားမလဲဆိုတာကို သူ ဘာလို့ဂရုစိုက်နေမှာလဲ သူက ဒီကနေ အကျိုးအမြတ်အများကြီးရမှာ အနိုင်ရရင်]

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now