Chapter 47

926 140 1
                                    

Unicode

မှိုတွေက စိတ်ဝိဉာဉ်ကို သိပ်မထိခိုက်စေလောက်ဘူးဟု ဖန်းဝေ့ရွှမ်းပြောလျှင်ပင် ကုပိုင်စိတ်မချသေးပါချေ။ သူ Facebook ကို Update လုပ်ပြီး စားသုံး၍မရသည့်မှိုများက သူတို့အပေါ် မည်သို့သက်ရောက်မှုရှိမလဲဆိုတာ အသေးစိတ်ရှင်းပြလိုက်၏။

ကုပိုင်သည် နောင်တွင် သူနောင်တမရစေရန် တတ်နိုင်သမျှလုပ်ခဲ့ခြင်းပင်။ ထိုလူတွေ ဘယ်လိုရွေးချယ်မလဲနှင့် သူတို့ရွေးချယ်သည့်အကျိုးဆက်များက ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ သူ မထိန်းချုပ်နိုင်သလို တားဆီး၍လည်းမရပေ။

တောတွင်းဂိမ်းကို ကြားဖြတ်မှတ်တမ်းတင်ခဲ့ရခြင်းကြောင့် ပြိုင်ပွဲဝင်များ ကောင်းမွန်စွာ အနားယူနိုင်စေရန်အတွက် တတိယအဆင့်ပြိုင်ပွဲကို နှစ်ရက်ရွှေ့ဆိုင်းခဲ့သည်။

ကုပိုင်၏ခြံမှ ဟင်းသီးဟင်းရွက်များသည် ကောင်းမွန်စွာ ကြီးထွားနေလေသည်။ မကြာခင် ၎င်းတို့ရင့်မှည့်လာပြီးနောက် ကုပိုင်သည် လက်တွေ့ဘဝတွင်ပါ ပျော်ရွှင်စွာ စားသောက်နိုင်တော့မည်ဖြစ်၏။

သူ ထိုအချိန်ကို မစောင့်နိုင်တော့ပါချေ။

ထိုကဲ့သို့မစောင့်ဆိုင်းနိုင်မှုက ဒုတိယမြောက်ကမ္ဘာတွင် စားစရာတစ်ခုခုရှာရန် သူ့ကို တွန်းအားဖြစ်စေခဲ့သည်။
သို့ရာတွင် ဤကမ္ဘာ၌ ပါ၀င်ပစ္စည်းများကို အများအပြားရှာဖွေတွေ့ရှိခြင်း မရှိသေးသောကြောင့် လုပ်နိုင်စွမ်းက ကန့်သတ်ချက်များလွန်း၏။ ကံကောင်းစွာဖြင့် ကုပိုင်သည် ကန်စွန်းဥများနှင့် မှိုများရှာဖွေတွေ့ရှိပြီးနောက် သူ့တွင် အကြံဥာဏ်သစ်များ ရှိလာပြီဖြစ်သည်။

ဒုတိယမြောက်ကမ္ဘာ၏ သစ်တောများကဲ့သို့သော သဘာဝပတ်၀န်းကျင်အားလုံးကို အစစ်အမှန်လက်တွေ့ကမ္ဘာများမှ ကူးယူထားသောကြောင့် ဒုတိယမြောက်ကမ္ဘာတွင်တွေ့ရှိသည့် ပါ၀င်ပစ္စည်းအသစ်များသည် အစစ်အမှန်လက်တွေ့ကမ္ဘာတွင်လည်း ရှာဖွေတွေ့ရှိနိုင်လေသည်။

သယံဇာတများစွာရှိသည့်နေရာက တောတောင်များဟုဆိုခြင်းသည် သံသယရှိစရာပင် မလိုပါချေ။ အဆုံးတွင်တော့ ရှေးဦးခေတ်မှ လူသားများသည် အသက်ရှင်နေထိုင်နိုင်ရန် တောတောင်များကို အားကိုးအားထားပြုခဲ့ကြခြင်းပင်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now