Chapter 34

1.2K 152 3
                                    

Unicode

*Friendly warning : ဒါကို တခုခုစားနေရင်း မဖတ်ပါနဲ့။

"ကျွန်တော်တို့ဂြိုဟ်က အရမ်းဝေးတယ်  တခြားဂြိုဟ်တွေက ကျွန်တော်တို့ဆီ ကုန်ကြမ်းပို့ပေးဖို့ ငြင်းကြတယ်လေ ဒီတော့ ကုန်ကြမ်းတွေမရှိဘူး" ကုပိုင်က သူ့လက်ကို ကားပြလိုက်သည်။乁 ˘ o ˘ ㄏ

သူလည်း ထိုသို့ဖြစ်ချင်နေသော်ငြား ကန့်သတ်ချက်တွေက သူ့လက်ကို ချည်နှောင်ထား၏။ ကောက်ပဲသီးနှံများ ကြီးပြင်းလာချိန်ကိုသာ စောင့်ရတော့မည်ဖြစ်သည်။

ကံကောင်းစွာဖြင့် Starexpress ကုမ္ပဏီသည်  မျိုးစေ့များကိုတော့ ပို့ဆောင်ရန်မငြင်းဆန်ဘဲ သဘောတူခဲ့သည်။ ပို့ဆောင်ခ ဈေးကြီးတာတော့ ဟုတ်သည်။ ကုပိုင်သည် ငွေပိုရှာ၍ ပို့ဆောင်ခအချို့ ချွေတာနိုင်စေရန်အတွက် နောက်တစ်ကြိမ်ထပ်ဝယ်ရန် ဆုံးဖြတ်လိုက်သည်။

"ကောင်လေး ပြီးသွားပြီလား
အရသာကဘယ်လိုလဲ မင်းရဲ့ရှိုးပွဲကို ဘယ်တော့စမှာလဲ" ကုပိုင်၏အဖြေကိုကြားတော့ ဧည့်သည်တွေက စိတ်ပျက်သွားသည့်အတွက် ကောင်လေးဆီ ဒေါသပုံချလိုက်ကြသည်။ အမှန်တော့ တခြားသူများ၏ နာကျင်မှုကို ကြည့်ရှုချင်ခြင်းက လူတွေ၏သဘာဝပါပင်။

ကောင်လေးက တိတ်ဆိတ်နေပြီး ပန်းကန်ပြားပေါ်က သူ့အရိပ်ကို စိုက်ကြည့်နေသည်။ ကျန်နေသည့်အရည်အားလုံးကိုပါ လျှာနှင့်လျက်ပြီး အရသာမကောင်းဘူးဟု ပြောပါက အရိုက်ခံရလိမ့်မည်ဖြစ်၏။

နောက်ဆုံးတော့ သူက "ငါ့လက်နဲ့ ဇောက်ထိုးရပ်ပြီး -ျီးစားပြမယ်လို့ ပြောတာမဟုတ်ဘူးလား ဟုတ်တယ် ငါက စကားတည်တဲ့လူပဲ မင်း ငါ့ကိုရှာပေးနိုင်သရွေ့ ငါလုပ်နိုင်တယ် အခု ချက်ချင်းရှာပေး"

ကုပိုင်က ကောင်လေးနှင့်တွေ့ရတာ ရယ်စရာကောင်းတယ်ဟု ခံစားမိသည့်အတွက် "ဒီမှာ ခဏစောင့် ငါ မင်းကို လာပို့ပေးမယ်"ဟု ပြောလိုက်သည်။

ကုပိုင် မီးဖိုချောင်ထဲသို့ဝင်ပြီး လျှို့ဝှက်ဆန်းကြယ်သော အရာတစ်ခုကို ပြုလုပ်နေစဉ် ဖောက်သည်များက တီးတိုးပြောနေကြသည်။ သူပြန်လာသည့်အခါ  အဝါရောင်တစ်ခုခုထည့်ထားသည့် ပန်းကန်လုံးတစ်လုံးကို ထန်းချွီအား ပေးလာသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now