Chapter 41

339 72 2
                                    

Unicode

ကျိုးလင်လင်သည် ချက်ပြုတ်ခြင်းတွင် အရည်အချင်းရှိသည့်အတွက် အကြီးအကဲကျိုးက သူမအတွက် ဂုဏ်ယူလေ့ရှိပြီး အစားအသောက်နှင့်ပတ်သက်သည့် ပွဲများသို့ မကြာခဏ ခေါ်သွားတတ်သည်။ ထို့ကြောင့် သူမသည် ငယ်ရွယ်သေးသော်လည်း အစားအသောက်များပြုလုပ်သည့်အခါသုံးသည့် ဟင်းသီးဟင်းရွက်များနှင့်ပတ်သတ်သော အသိပညာသည် စားဖိုမှူးအဖွဲ့ရှိ အချို့သော လူသစ်‌လေးများထက်ပင် ပိုမိုကောင်းမွန်၏။
အကြီးအကဲကျိုးသည် စာဖိုမှူးလမ်းညွှန်၏ မန်နေဂျာများထဲမှ တစ်ဦးဖြစ်ပြီး သူ့မျက်လုံးထဲတွင် လျှာကဝေပြိုင်ပွဲနှင့်ဆိုင်သော တိုက်ရိုက်ထုတ်လွှင့်မှုများ၏ အဆင့်အတန်းက သိပ်မမြင့်မားသောကြောင့် စိတ်ဝင်စားခြင်းမရှိချေ။
"အဘိုး လာကြည့်ပါဦး ဒီကုန်ကြမ်းက ဘာလဲဟင် စားလို့ကောင်းလား" ဖန်သားပြင်ပေါ်ရှိ ကုပိုင်ကိုင်ထားသည့်အရာကို ညွှန်ပြရင်း ကျိုးလင်လင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

တကယ်တော့ ကုပိုင်က သူမ idol မို့ မည်သည့်အရာဟုခေါ်မှန်းမသိလျှင်ပင် စား၍ရသည်ဟူသည့် သူပြောသည့်စကားကို ယုံပြီးသားဖြစ်သည်။

အကြီးအကဲကျိုးက မျက်ခုံးပင့်လိုက်ပြီး လေးနက်သွားသည့်ပုံပေါက်သည်။ ထို့နောက် တစ်စုံတစ်ခုကို အမြန်တွေးမိပြီး အပေါ်ထပ်သို့ ပြေးတက်သွားခဲ့သည်။ သွားနေစဉ်အတွင်း သူက သူ့မြေးမလေးကို လှမ်းပြောလိုက်သေး၏။ "လင်လင် ဒီပုံ အဖိုးကိုပို့ပေးလိုက်!"
"အိုး... ကောင်းပြီ" ကျိုးလင်လင် သူမအဖိုး၏ တုံ့ပြန်မှုကြောင့် အံသြသွားရသော်လည်း ဓာတ်ပုံကို နာခံစွာဖြင့် ပေးပို့လိုက်ပါသေးသည်။
အကြီးအကဲကျိုးသည် ဒုတိယထပ်ရှိ စာဖတ်ခန်းသို့သွား၍ အဝါရောင်စာအုပ်တစ်အုပ်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်သည်။ စာရွက်သည် အလွန်ရှေးကျပြီး နုနယ်ဟန်ရကာ စာအုပ်၏မျက်နှာပြင်သည်လည်း တွန့်ကြေနေသည်။ ၎င်း၏ပိုင်ရှင် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထုတ်ဖတ်ဖူးသည်က သိသာလွန်း၏။ သို့သော် စာအုပ်ထောင့်စွန်းများကတော့ သပ်ရပ်နေပြီး ပိုင်ရှင်က စာအုပ်အား မည်မျှတန်ဖိုးထားသည်ကို ပြသနေလေသည်။
အကြီးအကဲကျိုးက အနည်းငယ် တုန်တုန်ယင်ယင်ဖြင့် စာအုပ်ကိုဖွင့်လိုက်ပြီး သူမှတ်သားထားသည့် စာမျက်နှာဆီသို့ တဖျတ်ဖျတ်လှန်လိုက်သည်။ ထို့နောက် သူသည် စာမျက်နှာများကို လှန်လှောကြည့်ကာ နှိုင်းယှဉ်မှုများပြုလုပ်ရင်း နောက်ဆုံး၌ အလယ်စာမျက်နှာတွင် ရပ်သွားသည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now