Unicode
[ဘယ်အမျိုးအစားက စားလို့ရလဲ၊မရလဲဆိုတာကို အပင်သုတေသနဌာနက ကောက်ချက်မချရသေးဘူး အဆိပ်သင့်ရင် ဘယ်လိုလုပ်မလဲ သူက လူ့အသက်ကို အမှုမထားဘဲ သူ့ကိုယ်သူပေါ်လွင်စေဖို့ ဒါတွေအားလုံးကို လုပ်နေတာ]
[anti-fanတွေက မျက်စိကန်းနေကြတာပဲ ဖန်းဝေ့ရွှမ်းနဲ့Mr. မုန့်တို့က ဘယ်လိုတုံ့ပြန်ကြလဲဆိုတာကို မြင်ကြလား အဆိပ်သာတကယ်ပါရင် သူတို့မှာ ဒီလိုအမူအရာမျိုးရှိမယ်လို့ ထင်နေလား သူတို့က ရှောင်ပိုင်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့တော့ မပြောနဲ့နော် ဒီလိုလုပ်ဖို့သူ့မှာလည်း လုံလောက်တဲ့အရည်အချင်း မရှိသေးပါဘူးဟယ်]
[Anti-fanများက ဆက်ပြောနေကြသည်]
Anti-fans တွေ မှတ်ချက်ပေးတိုင်း ရှောင်ပိုင်၏ပရိသတ်များက ချက်ချင်းပြန်လည်တုံ့ပြန်ကြသည်။ မကြာမီ anti-fanများသည် ၎င်းတို့က ကုပိုင်၏ပရိသတ်များနှင့် မယှဉ်နိုင်ကြောင်း သိသွားကြတော့၏။ အခြားနာမည်ကြီးများနှင့် ရင်ဆိုင်ရသည့်အချိန် အမြဲလိုလို အသာစီးရခဲ့လျှင်ပင် ဤတစ်ကြိမ်တော့ အလျှော့ပေးရလိမ့်မည်ပင်။
ကုပိုင်၏ပရိသတ်များသည် ယခင်က anti-fanများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲခဲ့ကြသော်လည်း နောက်ဆုံးမိနစ်တွင်တော့ ပိုရဲ၀ံ့လာပြီး ပိုမိုအားကောင်းလာခဲ့သည်။
ထို့အပြင် ဤတစ်ကြိမ်၌ ကုပိုင်၏ပရိသတ်များသာမက အစားအသောက်သမားများလည်း တိုက်ပွဲတွင် ပါဝင်လာသောကြောင့် anti-fanများ ရှုံးနိမ့်သွားရခြင်းက ကျိုးကြောင်းညီညွတ်လေသည်။
အစားအသောက်သမားတွေ (foodie)က ဘာကိုမှမကြောက်တတ်ကြဘူးလေ။
တောတွင်းဂိမ်းက နောက်ဆုံးတော့ ပြီးသွားပြီဖြစ်သည်။ ပြိုင်ပွဲဝင်အများစုသည် ထိုနေရာတွင်ရပ်ရန်ပင် ရှက်ရွံ့နေကြ၏။ ကုပိုင် ၏ဖျော်ဖြေမှုတစ်ခုတည်းက လူအများနှင့် ပရိသတ်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန် လုံလောက်ပြီး ၎င်းလုပ်ငန်းစဉ်တွင် ပါဝင်ပစ္စည်းအသစ်နှစ်ခုကိုပါ တွေ့ရှိခဲ့သေးသည်။
ထိုပါဝင်ပစ္စည်းအသစ်နှစ်ခုကို အပင်သုတေသနဌာနကသာ အသိအမှတ်ပြုလိုက်ပါက ကုပိုင်နှင့် sponsor ၏အမည်သည် လူသိများလာလိမ့်မည်ဖြစ်၏။
![](https://img.wattpad.com/cover/358709586-288-k199759.jpg)