Chapter 45

822 126 1
                                    

Unicode

ထိုအခိုက်အတန့်တွင် ရှောင်ပိုင် ၏ပရိသတ်များအတွက် လမ်းကြောင်းအသစ် ချက်ချင်းမြင်လိုက်ရသလို ခံစားလိုက်ရ၏။

သူတို့သည် ရှောင်ပိုင်အား အစစ်အမှန်လက်တွေ့ကမ္ဘာတွင် တိုက်ရိုက်ထုတ်လွှင့်သင့်ကြောင်း အမြဲတောင်းဆိုခဲ့ကြသည်။ ဒုတိယမြောက်ကမ္ဘာတွင် အစားအသောက်များကို အရသာခံကြည့်ရုံသာတတ်နိုင်ပြီး မည်သည့်အရာကိုမျှ မျိုချနိုင်မည်မဟုတ်ပေ။ သို့သော် လက်တွေ့ကမ္ဘာတွင် စားနိုင်မည်ဆိုလျှင်‌တော့ မတူတော့ပါချေ။ ယင်းကမှ သူတို့တောင်းဆိုသည့် တကယ့်ပျော်ရွှင်မှုင်။

ထို့ကြောင့် ပရိတ်သတ်များက သူ့ကို အွန်လိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်စေချင်ရုံသာမက သူ့လိပ်စာကိုလည်း သိလိုကြသည်။ အရသာရှိသည့်အရာများကို မကြာခဏစားသုံးနိုင်ရန်အတွက် သူ့တွင် အစစ်အမှန်စားသောက်ဆိုင်တစ်ဆိုင်ရှိနေစေရန် ဆန္ဒရှိကြသည်။

ဖန်းဝေ့ရွှမ်းနှင့်မုန့်ပင်းယန်တို့က မှိုနှင့်ရောထားသော ကြက်သားစွပ်ပြုတ်နှင့် ချိုမြိန်သော ကန်စွန်းဥ‌ခြောက်ကြော်ကို နှစ်သက်သောကြောင့် မိနစ်အနည်းငယ်အတွင်း ဟင်းချိုအပါအဝင် အရာအားလုံးကို စားပြီးသွားခဲ့သည်။ စုယန်နှင့် လျိုချီကန်းတို့သည်လည်း ၎င်းတို့နှင့်ပူးပေါင်းရန် စီစဉ်ထားသော်ငြား လမ်းတစ်ဝက်တွင်  အကုန်စားပြီးသွားပြီမှန်း သိလိုက်ရ၏။

စုယန် ဘာမှမပြောနိုင်တော့ပေ။

လျိုချီကန်းဆိုလျှင် ပြောစရာစကားပင် မဲ့သွားရသည်။

သူတို့နှင့်ယှဉ်လိုက်ပါက မုန့်ပင်းယန်သည် စိတ်ကျေနပ်မှုတို့ ပြည့်နှက်နေသည်။

"မုန့်ပင်းယန်  မှိုနဲ့ကြက်စွပ်ပြုတ်ကဘယ်လိုလဲ ကြိုက်လား" စုယန်က သူတို့အချင်းချင်း ရင်းနှီးသည့်သူငယ်ချင်းတွေလိုမျိုး အပြုံးနှင့် မေးလိုက်မိ၏။ မေးသည့်အချိန် အံမကြိတ်ထားလျှင် အသံက ပိုရင်းနှီးသလို ဖြစ်လောက်သည်။

"အရမ်းအရသာရှိတယ် ကြက်သားက အဆီမများဘူး မှိုတွေကလတ်ဆတ်ပြီး နူးညံ့တယ် အရသာက အစပိုင်းမှာ ထူးဆန်းပေမယ့် စားလို့ကောင်းတယ် များများစားလေ ပိုစားချင်လာလေလေ စားချင်စိတ်မရပ်နိုင်ဖြစ်သွားလေဘဲ သူတို့အကြောင်း ပြန်မစဉ်းစားရမနေနိုင်တော့ဘူး"မုန့်ပင်းယန်က ပြန်ဖြေရင်း အရသာကို ပြန်သတိရသွားသည်။ ပိုစားချင်လာသည်ဟုပင် ပြောနိုင်လေသည်။ စုယန်နှင့် လျိုချီကန်းတို့က သူ့ကိုခွဲထုတ်ရန် အလွန်အမင်း စိတ်အားထက်သန်နေကြသည်ကို သူလျစ်လျူရှုထားလိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now