Unicode
ထို့နောက် ဝက်သားဖြူသွားသည်အထိ ဆက်ကြော်လိုက်သည်။
ပြားထားသောဂျုံရွက်များကို စဉ့်နှီတုံးပေါ်တင်ကာ လှီးထားသောဝက်သား၊ မုန်လာဥနီ၊ ဆလတ်ရွက်နှင့် အသီးအရွက်များကို အသီးသီးထည့်၍ အနားဘက်မှ စလိပ်လိုက်သည်။
ဘယ်ဘက်ရှိ ဖက်ထုပ် 10 ခုထဲသို့ ကြော်ထားသော ဟင်းသီးဟင်းရွက်များနှင့် ဝက်သားပြားများကို ထည့်ပြီး ညာဘက်မှ 10ခုကိုတော့ ဝက်သားပြားကြော်နှင့် ဟင်းသီးဟင်းရွက် အစိမ်းများကိုထည့်လိုက်သည်။
အားလုံးလိပ်ပြီးနောက် ကုပိုင်သည် ညာဘက်10ခုကို ပေါင်းအိုးထဲထည့်ကာ ဘယ်ဘက်ရှိ ကျန်10ခုကိုတော့ ကြော်လိုက်သည်။ အကြော်နှင့်အပေါင်း၏ မွှေးရနံ့က မကြာခင်ပျံ့နှံ့သွားပြီး ပရိသတ်များပင် ရှင်းရှင်းလင်းလင်းခံစားနိုင်ကြသည်။
[အဲဒါက အနံ့အရမ်းကောင်းတယ် သူဘာချက်နေလဲမသိပေမယ့် စားကြည့်ချင်တယ်][စားချင်တယ်...]
[ဒုတိယမြောက်ကမ္ဘာမှာ ချက်နေတာကြီးကတော့ နှမြောစရာကောင်းလိုက်တာ ငါတို့ အရသာမခံနိုင်ဘူးလေ ငါတို့လည်း အဲ့ဟင်းတွေကို တကယ်မြည်းကြည့်လို့ရအောင် သူတို့ အစစ်အမှန်လက်တွေ့ကမ္ဘာမှာ ဘယ်အချိန်လောက်မှ ရောင်းကြမှာလဲ]
[တခြားစားဖိုမှူးအချို့လည်း အရသာရှိတဲ့ဟင်းလျာတွေကို ချက်နေကြတယ် အများစုက စားဖိုမှူးအသစ်တွေပေမယ့် တကယ်အရည်အချင်းရှိကြတယ် ငါတော့ နောက်ထပ်ပြိုင်ပွဲတွေကို စောင့်နေပြီ]
[ဘယ်တော့မြည်းစမ်းလို့ရမလဲပဲ သိချင်တယ် မစောင့်နိုင်တော့ဘူး]
အချိန်ကြာလာသည်နှင့်အမျှ ပြိုင်ပွဲဝင်အများစုသည် ဟင်းလျာများ ချက်ပြုတ်ပြီးသွားကြသည်။ သူတို့ရှေ့က ခလုတ်ကို နှိပ်လိုက်သရွေ့ အကဲဖြတ်ဒိုင်များက သူတို့ဟင်းလျာများကို မြည်းစမ်းနိုင်ပြီး မှတ်ချက်ပြန်ပေးနိုင်သည်။
နွေရာသီမုန့်လုပ်ရသည်က မခက်ပါချေ။ ထို့ကြောင့် ကုပိုင်က တခြားပြိုင်ပွဲဝင်တွေ ဘာလုပ်နေကြလဲဆိုသည်ကို သူကြော်နေသည့်အချိန် လိုက်ကြည့်နေလိုက်သည်။ အများစုမှာ အစိမ်းရောင်ဟင်းလျာများကို ချက်ကြသည်။
