Unicode
Chapter 18 Audition (၁)
သုံးရက်အကြာတွင် ကုပိုင်သည် နံနက်စောစော၌ ဒုတိယမြောက်ကမ္ဘာသို့ log inဝင်လိုက်သည်။ ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် သူ့အတွက် အချိန်မရှိဘဲ ယနေ့သည် လျှာကဝေအဆောက်အဦ၏ Audition သွားရောက်ရမည့်နေ့ဖြစ်သောကြောင့်ပင်။
လျှာကဝေအဆောက်အဦသည် အစားအသောက်ဆိုင်တန်းနှင့် သိပ်မဝေးပါချေ။ ကုပိုင် ထိုနေရာသို့ တည်နေရာမပြောင်းရွေ့သွားဘဲ လမ်းလျှောက်သွားကာ လမ်းတစ်လျှောက်ရှိ အဆောက်အအုံများနှင့် စတိုးဆိုင်များကို သဘောကျစွာ ကြည့်သွားလိုက်သည်။
Audition သည် နံနက်ဆယ်နာရီတွင် စတင်သည်။ ကုပိုင်ရောက်သွားတော့ ကိုးနာရီခွဲသာ ရှိသေး၏။သို့သော် လူစုလူဝေးကြီးဖြစ်နေပြီဖြစ်ကာ သူမျှော်လင့်ထားသည်ထက် လူပိုများနေလေသည်။
ကြယ်စင်စုခေတ်လူသားများသည် အစားအသောက်နှင့်ပတ်သက်၍ အရူးအမူးဖြစ်ကြသည်ဟု သူပြောနိုင်သော်ငြား သူတို့ ဘယ်လောက်ရူးသွပ်ကြမှန်း ယခုထိ သူမသိရသေးချေ။
ရှန်ပိုင်၏မှတ်ဉာဏ်ကိုအခြေခံ၍ ဤနေရာရှိ ယဉ်ကျေးမှုအပြောင်းအလဲသည် ပြင်းထန်ပြီး အချို့သော အစားအသောက်ချက်ပြုတ်နည်းများနှင့် ဆက်စပ်နေသော ယဉ်ကျေးမှုများကို ဤနေရာရှိလူများက အမွေဆက်ခံခဲ့ကြသော်လည်း ၎င်းတို့ကို မိသားစုကြီးများကသာ ပိုင်ဆိုင်ကြသည်။
"ငါ အရမ်းစိတ်လှုပ်ရှားမိနေတယ် မနှစ်တုန်းကတော့ audition မအောင်မြင်ခဲ့ဘူး ဒီတစ်ခေါက် အောင်နိုင်ပါ့မလားဆိုတာ ငါမသေချာဘူး" ပြိုင်ပွဲဝင်တစ်ဦးက သူ့သူငယ်ချင်းကို ပြောသည်။
"လွယ်ပါတယ်ကွာ ပြီးခဲ့တဲ့နှစ်မှာ မင်းအများကြီး သင်ယူထားတာပဲ မင်းအောင်မယ်ဆိုတာ ငါသေချာပြောရဲတယ်" သူ့သူငယ်ချင်းက သူ့ကိုနှစ်သိမ့်ပေးလိုက်သည်။
သူတို့အနားရှိတစ်ယောက်က မလှောင်ပြောင်ဘဲ မနေနိုင်ခဲ့ချေ။"သင်ယူတာက မင်းအောင်မယ်လို့ အာမခံနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်းက အရည်အချင်းရှိတဲ့ စားဖိုမှူးတွေဖြစ်ကုန်မှာပဲ"
![](https://img.wattpad.com/cover/358709586-288-k199759.jpg)