Unicode
Chapter 06 ဝက်သားပြုတ်လွှာအစပ်နှင့် ဆန်ပြုတ်
ကုပိုင်က သူ့အတွေးများကို ရုပ်သိမ်းလိုက်ပြီး control panelကိုဖွင့်၍ စားသောက်ဆိုင်ငယ်အား မည်သို့စတင်ရမည်ဆိုသည်ကို စစ်ဆေးလိုက်သည်။
အစားအသောက်ယဉ်ကျေးမှုကို ပူးတွဲအကျိုးသက်ရောက်မှုများနှင့် ပိုမိုကောင်းမွန်စွာ ပြန်လည်ရှင်သန်လာစေရန်အတွက် ဒုတိယမြောက်ကမ္ဘာထဲတွင် ဆိုင်များဖွင့်လှစ်ရန် ပြည်သူများအား အင်ပါယာက တိုက်တွန်းအားပေးခဲ့သည်။
ထို့ကြောင့်၊ ဒုတိယမြောက်ကမ္ဘာတွင်ရှိသည့် ဆိုင်များအတွက် ငှားရမ်းခပေးဆောင်ရမည့်အစား ပိုင်ရှင်များကို စတင်တည်ထောင်ရမည့်ရန်ပုံငွေအဖြစ် ဆိုင်တစ်ဆိုင်စီအတွက် XB 1,000 ပင် ပေးအပ်သေးသည်။ ကုပိုင်က ထိုရန်ပုံငွေကို တကယ်လိုအပ်ပါ၏။
ဟုတ်ပေသည်၊ ပိုင်ရှင်များက အလှဆင်စရိတ်များကိုသာ ပေးဆောင်ရမည်ဖြစ်ပြီး ကုန်ကြမ်းဝယ်ရန်တော့ ရန်ပုံငွေများကို အသုံးပြုနိုင်သည်။ အကယ်၍ ရန်ပုံငွေများကို အခြားနည်းလမ်းဖြင့် အသုံးပြုပါက၊ ဒုတိယမြောက်ကမ္ဘာ၏ ဉာဏ်ရည်မြင့်လက်ထောက်က ပိုင်ရှင်ကို ရှာဖွေပြီး ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်ဖြစ်သည်။
1,000 XB သည် သိပ်မများသော်လည်း၊ ကုပိုင်သည် ဒုတိယမြောက်ကမ္ဘာထဲရှိ ပစ္စည်းများက အတော်လေးဈေးသက်သာမှန်း တွေ့ရှိလိုက်ရခြင်းကြောင့် ကျေနပ်သွားရသည်။ ကမ္ဘာ့ဈေးဆိုင်တန်းရှိ စျေးနှုန်းများကို စစ်ဆေးပြီး အစားအသောက်ဖိုရမ်ကို ကြည့်ရှုပြီးနောက်တွင် လူတွေ စိတ်ဝင်စားသောအစားအစာများနှင့် ဤနေရာမှလူများ ချက်ပြုတ်နိုင်သည့် ဟင်းလျာများကို နောက်ဆုံးတွင် သူနားလည်သွားခဲ့ပြီပင်။
သူ၏စစ်တမ်းအရ၊ ဤနေရာရှိ အရသာရှိသောအစားအစာများကို အဓိကအားဖြင့် ကင်ခြင်း၊ ကြော်ခြင်း သို့မဟုတ် ပြုတ်ခြင်းတို့သာပြုလုပ်ကြပြီး အသားများကို ကင်သည်ဖြစ်စေ၊ ကြော်သည်ဖြစ်စေ ဟင်းသီးဟင်းရွက်များအားလုံးကိုတော့ ပြုတ်ပဲပြုတ်ကြခြင်းဖြစ်သည်။ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး ဆန်ပြုတ်၊ ခေါက်ဆွဲနှင့် အထက်ဖော်ပြပါ ချက်ပြုတ်သည့်နည်းလမ်းများမှလွဲ၍ အခြားချက်ပြုတ်နည်းများကို သိပ်မတွေ့ခဲ့ရချေ။
YOU ARE READING
ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်
RomanceEnglish name : The guide of how to be an interstellar tycoon Author name : Red-Tailed foxy boss