Unicode
[ငါက ပထမကွ!]
[တစ်ပတ်ရှိပြီ ပြိုင်ပွဲပြန်စပြီဆိုတော့ အရမ်းပျော်နေပြီ]
[ရှောင်ပိုင်၊ ရှောင်ပိုင်၊ မင်းက အကောင်းဆုံးပဲ ကံကောင်းပါစေ!]
[ ရှောင်ပိုင်လုပ်ထားတဲ့ နွေဦးဖက်ထုပ်က အရမ်းအရသာရှိတယ် အစိမ်းရောင်နဲ့ အသားတွေကို ဒီလိုမျိုးပေါင်းစပ်နိုင်မယ်လို့ မမျှော်လင့်ထားဘူး]
[ငါတို့က ဒီမှာ ပြိုင်ပွဲပဲကြည့်နေရပေမယ့် မင်းတို့ကတော့ စားပြီးတာတောင် လာပြောနေကြသေးတယ် ငါတို့က မစားကြည့်ရသေးဘူးဟ]
[ဟာဟား၊ ဒုတိယမြောက်ကမ္ဘာက ရှောင်ပိုင်ရဲ့ စားသောက်ဆိုင်'ကြယ်ပြာ'မှာ ပြိုင်ပွဲအတွင်း သူချက်ပြုတ်ထားတဲ့ ဟင်းလျာတွေကို နောက်ပိုင်း ရောင်းချပေးမှာတဲ့]
[ဟေး မင်းတို့ပြိုင်ပွဲက အခုမှစတယ် သူက စားသောက်ဆိုင်ကို ကြော်ငြာဖို့ အရမ်းလောနေပြီလား အသစ်လေးတွေက တကယ်ကိုစိတ်မရှည်ကြဘူးပဲ]
[အရူးလား? သူ့ဟင်းတွေဝယ်ဖို့ ဘယ်လောက်ခက်လဲသိလား?? ပိုပြီး ခက်လာဖို့ မင်းလုပ်ချင်နေတာလား?? သူ့ဟင်းတွေကို မင်းဝယ်ချင်သေးရဲ့လား??]
မှတ်ချက်နှစ်ခုက တစ်ပြိုင်နက်တည်း တက်လာသဖြင့် အနည်းငယ် အိုးတို့အန်းတန်းဖြစ်သွားကြသည်။
[အခုမှရောက်တာ ငါဘာမှမပြောရသေးဘူး ရှောင်ပိုင်ကိုအားပေးဖို့ ငါ ဒီကိုရောက်နေပြီ ရှောင်ပိုင်၊ ငါ မင်းကို အမြဲထောက်ခံနေမှာပါ]
[ဒီနှစ် လျှာကဝေပြိုင်ပွဲက အရမ်းပျင်းစရာကောင်းတယ် အသစ်လေးတွေက ငါ့အာရုံကိုစွဲဆောင်ဖို့ မလုံလောက်ဘူး ဆရာယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ ကြိုက်တယ်]
[အဲဒီအကြောင်းကိုပြောရရင် အသစ်တွေက ဘာတွေလုပ်နေမှန်းမသိရလို့ စားချင်စိတ်တောင် လုံးဝမရှိဘူး ဆရာယွီရဲ့ဟင်းလျာတွေကတော့ ကြည့်ကောင်းပြီး အရသာရှိတယ် အထူးသဖြင့် အစစ်အမှန်လက်တွေ့ကမ္ဘာမှာ သူလုပ်ထားတဲ့ဟင်းတွေပဲ လူကိုယ်တိုင်လည်း စမ်းကြည့်လို့ရတယ်လေ အနည်းဆုံးတော့ ဒီမှာကြည့်ပြီးဘာမှမစားရတာထက် ပိုကောင်းတယ် လာကြ ဒီကနေ ထွက်သွားပြီး ဆရာယွီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုပဲ ကြည့်ရအောင်]
![](https://img.wattpad.com/cover/358709586-288-k199759.jpg)