Unicode
"ဒါက ဘာအတွက်လဲ?" အကဲဖြတ်ဒိုင်များက ဖက်ထုပ်စားလိုက်ကြပြီးသည့်နောက်မှ အချဉ်ရည်ကိုတွေ့သွားကြပြီး မေးလာ၏။
ကုပိုင်၏ပါးစပ်က အနည်းငယ်တွန့်သွားသည် ။အကဲဖြတ်ဒိုင်တွေက မြန်မြန်စားလိုက်တော့ စားမပြီးခင် သူတို့ကိုသတိပေးဖို့ အချိန်မရှိလိုက်ဘူး။
"နွေဦးဖက်ထုပ်က အချဉ်ရည်နဲ့ဆို အရသာပိုကောင်းတယ်" ကုပိုင် ရိုးရိုးသားသား ပြောလိုက်သည်။
အကဲဖြတ်ဒိုင်ငါးယောက် ရှက်ရွံ့သွားကြသည်။
"အဟမ်း... လူတိုင်းရဲ့ မှတ်ချက်တွေ ပြီးသွားတဲ့အတွက် အမှတ်ပေးချိန်ရောက်ပါပြီ"တင်ဆက်သူက အဆင်မပြေမှုတွေကို ဖြေလျှော့ရန် ရှေ့တက်လာခဲ့သော်ငြား ကြည့်ရှုသူများက မရယ်မောမိပဲမနေနိုင်ချေ။
[ဟားဟား! အရမ်းရယ်ရကောင်းတယ် ဒိုင်တွေ ဒီလိုမျိုးဖြစ်တာ တစ်ခါမှမတွေ့ဖူးဘူး ဒါကိုကြည့်ရတာ အရမ်းမိုက်တယ်]
[ဟားဟား! Bravo ရှောင်ပိုင် ဒိုင်တွေက လောဘကြီးနေကြပေမယ့် စပွန်ဆာက ငါတို့ကို စောင့်ကြည့်ခွင့်ပေးထားတယ် အခုက ကံအလှည့်အပြောင်းပဲကွ]
[ရှုပ်ထွေးနေကြတာများ လေဆင်နှာမောင်းဝင်သွားသလိုပဲ ဟားဟားဟား ဒါပေမယ့် ဒါကပဲ ရှောင်ပိုင်ရဲ့ဖက်ထုပ်တွေက အရမ်းကောင်းပြီး ဒိုင်တွေက သူ့ရှင်းပြချက်ကို မစောင့်နိုင်လောက်အောင် ဖြစ်နေတာကို သက်သေပြနေတာနော် ရှောင်ပိုင်က ဒီနှစ်မှာ အလားအလာကောင်းနေတယ်လို့ ပြောချင်တယ်]
[အို လုပ်ပြန်ပြီ ဒါက ပထမဆုံးပွဲဖြစ်ပြီး ပြိုင်ပွဲဝင်တော်တော်များများက သူတို့ရဲ့ လှည့်ကွက်တွေကို မပြကြရသေးပါဘူး ဟုတ်ပြီနော်]
[အဲဒီအကြောင်းကိုပြောမှ ပိုင်ရှောင်ပိုင်အကြောင်းတစ်ခါမှလည်း မကြားဖူးဘူးနော်]
ငြင်းခုန်ခြင်းက မှတ်ချက်ဇုန်တွင် ဆက်လက်ဖြစ်ပွားနေပြီး အမှတ်ပေးခြင်းဆက်လာ၏။ ကုပိုင်သည် နောက်ဆုံးတွင် ၁၀ မှတ်၌ ၉ မှတ်ရခဲ့သည်။ သူသည် ယခုအချိန်တွင် 9မှတ်နှင့်အထက် ရရှိထားသော တစ်ဦးတည်းသောသူဖြစ်သည်။
