Chapter 38

1K 134 2
                                    

Unicode

"ဟုတ်လား" ထိုအပြောင်းအလဲက သူ့အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုဟု ကုပိုင်မထင်ပါချေ။ ထို့အပြင် သူသည် ဂိမ်းမုဒ်ပြောင်းလဲသွားခြင်းကို ခံနိုင်ရည်ရှိသူဖြစ်သည်။ ထပ်ပြောရပါက တောထဲ၌ရှင်သန်ရခြင်းသည် သူ့ယခင်ဘဝက အကြိမ်ပေါင်း သန်းနှင့်ချီပြီး ကျင့်သုံးခဲ့ရသည့် ကျွမ်းကျင်မှုပင်။

သို့သော် အခြားပြိုင်ပွဲဝင်များကတော့ သူ့လိုစွမ်းရည်မျိုး မရှိကြချေ။

ကြယ်စင်စုခေတ်တွင် စားဖိုမှူးအများအပြားမရှိဘဲ အများစုမှာ မြင့်မြတ်သူများ သို့မဟုတ် နာမည်ကြီးစားဖိုမှူးများ၏ အလုပ်သင်များဖြစ်ကြသည်။ သူတို့သည် အသက်ကြီးဝါရင့်သူများ သို့မဟုတ် ဆရာသခင်များထံမှ သင်ယူခဲ့ကြသောကြောင့် ၎င်းတို့အတွက် အသင့်တော်ဆုံးနေရာမှာ မီးဖိုချောင်ဖြစ်သည်။

လုံလောက်သောပါဝင်ပစ္စည်းများနှင့် ကိရိယာအစုံအလင်ရှိပြီး သူတို့လုပ်ရန် လိုအပ်သည်မှာ သူတို့သင်ယူခဲ့သော ချက်ပြုတ်နည်းများအတိုင်း အတိအကျလိုက်လံချက်ပြုတ်ရန်သာ ဖြစ်၏။ အချို့က အရံဟင်းလျာများကို ပြင်ဆင်ရန် အခြားသူများထံမှ အကူအညီများပင် လိုအပ်ကြသည်။ ထို့ကြောင့် သူတို့စိုးရိမ်ရမည့် နောက်ဆုံးအချက်သည် ပါဝင်ပစ္စည်းများ မည်သည့်‌နေရာကလာမလဲမဟုတ်ဘဲ ပန်းကန်နှင့် ဒယ်အိုးများကို မည်သို့ပြင်ဆင်ရမလဲဖြစ်သည်။

ယခုမူ တောရိုင်းတွင် ပါဝင်ပစ္စည်းများကို ကိုယ်တိုင်ရှာဖွေ၍ ကိုင်တွယ်ဖြေရှင်းပြီးနောက် ချက်ပြုတ်ရတော့မည်ဖြစ်၏။ ကံကောင်းစွာဖြင့် စပွန်ဆာများသည် အဓိကပါဝင်ပစ္စည်းများရှာဖွေခြင်းတွင် အာရုံစိုက်နိုင်ရန် ဟင်းခတ်အမွှေးအကြိုင်များ လုံလုံလောက်လောက် ပံ့ပိုးပေးထားခြင်းပင်။

သို့သော် ထိုလိုအပ်ချက်များသည် သူတို့ထဲမှအများစုအတွက်တော့ အလွန်များလွန်းနေသေးသည်။

"ဘာလို့ စပွန်ဆာတွေက ဒီလိုဂိမ်းမျိုးကို ကျင်းပရတာလဲ ငါတို့က ဖယ်ထုတ်မခံရဘူးဆိုရင်တောင် ပါဝင်ပစ္စည်းတွေကို ရှာဖွေပြီး ကိုင်တွယ်ဖြေရှင်းဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" တစ်စုံတစ်ယောက်က စောဒကတက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now