Unicode
တင်ဆက်သူ၏ တားဆီးမှုကိုခံလိုက်ရပြီးနောက် လျို့ကောင်းမင်သည် ရှောင်ပိုင်ကို လူသိရှင်ကြား စိန်ခေါ်ဝံ့ခြင်းမရှိတော့သော်လည်း ရှောင်ပိုင်၏ပစ္စည်းများက သူ့ကို မနာလိုဖြစ်စေနေဆဲပင်။
"ရှောင်ပိုင် သူ့ကို လျစ်လျူရှုထားလိုက် သူက မင်းကို သက်သက်မနာလိုဖြစ်နေတာ မင်းဘာလုပ်မှာလဲ ငါကူညီပေးမယ်လေ" ဖန်းဝေ့ရွှမ်း ထိုကိစ္စကိုမေ့လိုက်ပြီး ကုပိုင်ထံသွား၍ သူတို့ဘာချက်ကြမလဲဆိုတာ မေးလာသည်။
ကုပိုင် သူ့အကူအညီကို တိုက်ရိုက်လက်ခံလိုက်သည်။ “ကျင်းနက်နက်တစ်ခုတူးပြီး ရွှံ့စေးတစ်ချို့နဲ့ ထင်းတစ်ချို့လိုတယ်"
"ရွှံ့စေးကို ဘယ်မှာရနိုင်လဲဆိုတာငါသိတယ် ဒါပေမယ့် ကျင်းက ဘာအတွက်လဲ ထင်းဆိုတာကရော ဘာကိုဆိုလိုတာလဲ" ဖန်းဝေ့ရွှမ်းက မေးခွန်းပေါင်းများစွာကို မေးလာသည်။
ကုပိုင် အံ့ဩသွားရ၏။
"ထင်းဆိုတာ မီးမွှေးရင်လိုအပ်တဲ့ နည်းနည်းခြောက်သွေ့တဲ့ သစ်ကိုင်းလေးတွေလေ ထင်းတွေ ကောင်းကောင်းလောင်ကျွမ်းနိုင်အောင် ကျင်းတူးရမှာ အဲ့ဒါပြီးရင် ကန်စွန်းဥဖုတ်နိုင်ဖို့အတွက် ရွှံ့စေးတွေ အနီရောင်တောက်လာအောင် မီးအပူပေးရမယ်" ကုပိုင်က ဖန်းဝေ့ရွှမ်းနားမလည်သည့်အရာကို အသေးစိတ်ရှင်းပြပေးလိုက်သည်။
ပါဝင်ပစ္စည်းများအကြောင်း ပိုမိုသိရှိနားလည်လာရန်က ကြယ်စင်စုခေတ်ရှိလူများအတွက် ခက်ခဲလှကြောင်း ကုပိုင်သိလိုက်ရပြီး ကူကယ်ရာမဲ့သွားရ၏။ ကမ္ဘာမြေပေါ်တွင်တော့ ကလေးငယ်များပင်လျှင် ထိုအခြေခံအသိတရားများကို သိကြသော်ငြား ဤနေရာတွင်တော့ ထိုအကြောင်းကိုထုတ်ပြောပြရန် လိုအပ်နေသေးသည်။
ဤခေတ်ရှိ ယဉ်ကျေးမှုအခြေအနေသည် မည်မျှနောက်ကျကျန်နေမှန်း သူနားလည်သွားရသည်။
သမိုင်းကြောင်းရှည်လျားပြီး ကြွယ်ဝသော Cerngon အင်ပါယာ၏ အစားအသောက်ယဉ်ကျေးမှုကို နိုင်ငံတိုင်းက မနာလို၍ အလိုရှိခဲ့ကြသည်။ ယခုမူကား ထိုအရာသည် စကြာဝဠာထဲတွင် သမိုင်းသာ ကျန်ရစ်တော့၏။ ၎င်းတို့ကို ပြန်ရှာတွေ့ပါက လူသားအရင်းအမြစ်နှင့် အားထုတ်မှုများကို ပိုမိုယူဆောင်ပေးလာနိုင်သည်။
