Chapter 33

1.2K 158 3
                                    

Unicode

နောက်တစ်နေ့အစောပိုင်းတွင် ကုပိုင် ဒုတိယမြောက်ကမ္ဘာထဲသို့ဝင်ပြီး စားသောက်ဆိုင်ဖွင့်ရန် စီစဉ်လိုက်သည်။ သို့သော်ငြား စားသောက်ဆိုင်ရှေ့ရှိ လူအုပ်က ယခင်ကထက် ပိုများနေပြီး တန်းစီထားသည့်အတန်းက လမ်းထောင့်အထိပင် ရှည်လျားနေ၏။

မနက်ခင်းသာဖွင့်ပြီး နေ့ခင်းဘက်ဆိုင်ပိတ်မှန်း လူတွေသိသွားကတည်းက လာတန်းစီလျှင်ပင် သူတို့အလှည့်မကျလောက်မှန်း ၎င်းတို့သိသွားကြသောကြောင့် လာသူနည်းပါးလာခဲ့သည်။

"ဆိုင်ရှင် ဒီနေ့ အပိတ်အနေနဲ့ ကြက်ကြော်နဲ့ဂေါ်ဖီထုပ်စွပ်ပြုတ်ရှိလား မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ပြီး သွားရည်ကျတာ မရပ်နိုင်ဘဲ အိပ်လည်းမပျော်ဘူး ဒါကြောင့် မနေ့ညကတည်းက တန်းစီဖို့ ဒီကိုလာခဲ့တာ"

"ငါလည်း စောရောက်လာတယ်လို့ထင်ပေမယ့် ဒီကိုရောက်တော့ ငါ့ရှေ့မှာ လူတွေအများကြီးရှိပြီးသားတဲ့"

"မင်းတို့တွေ ရူးနေကြပြီလား ငါဒီကို အစောဆုံးရောက်လာပေမယ့် လိုင်းက အရမ်းရှည်နေပြီ ဒီနေ့ ငါ့အလှည့်ကျမယ် မထင်ဘူး" ဖောက်သည်တစ်ယောက်က သူ့ကိုယ်သူ လှောင်ပြောင်လိုက်သည်။

ဒီနေ့ အခွင့်အရေးမရတော့ဘူးဆိုတာ သိလိုက်ရတော့ ထိုလူက တန်းစီရာမှထွက်သွားသော်ငြား တခြားဧည့်သည်တွေနှင့် စကားစမြည်ပြောရန် အရှေ့တိုးသွားလိုက်သည့်အပြင် 'ဇောက်ထိုး‌ရပ်ပြီး -ျီးစားပြမယ်'ဆိုသည့်လူကို ကြည့်ရန်လည်း နေရာကောင်းကောင်းရှာလိုက်သည်။

သူနှင့်တူညီသည့်အတွေးရှိသူ အနည်းငယ်လည်းရှိခဲ့သည်။ သပ်ရပ်စွာ တန်းစီနေသော လူအုပ်အပြင် အခြားနေရာများတွင်လည်း စည်ကားနေလေသည်။

"အားလုံးပဲဘေးဖယ်ကြပါ ငါတို့ရဲ့ ထိပ်တန်းဇာတ်ကောင် လာပါပြီ" လူအုပ်ကြီးက တိုးတိုးပြောပြီး ဖက်ရှင်ကျကျ၀တ်ဆင်ထားသည့် ကောင်လေးတစ်ယောက်ကို အရှေ့တွန်းပို့လိုက်ကြသည်။

"မင်းတို့ ငါ့ကို ဘာလို့တွန်းနေတာလဲ ငါလာမယ်ပြောပြီးပြီ ငါပြောပြီးသားစကားကို မရုတ်သိမ်းဘူးကွ" ကောင်လေးက မကျေမနပ်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now