Unicode
အစည်းဝေးခန်းထဲရှိလူက အဖွဲ့နှစ်ဖွဲ့ကွဲနေသည်။ အဖွဲ့တစ်ဖွဲ့က ဖျော်ဖြေရေးဒါရိုက်တာ ဦးဆောင်ပြီး နာမည်ကြီးစားဖိုမှူးများနှင့် အစားအသောက်ထုတ်လွှင့်သူများကို ဖိတ်ခေါ်ကာ ပြိုင်ပွဲတွင် ပရိသတ်များကို ပိုမိုဆွဲဆောင်ချင်ကြသည်။
အခြားအဖွဲ့တစ်ဖွဲ့ကို လျှာကဝေပြိုင်ပွဲအတွက် တာဝန်ရှိသော စုယန်နှင့်လျိုချီကန်းတို့က ဦးဆောင်ပြီး ပြိုင်ပွဲ၏တရားမျှတမှုအား မည်သူတစ်ဦးတစ်ယောက်ကိုမှ ချိုးဖောက်ခွင့်မပြုကြောင်း ပြောဆိုခဲ့ကြသည်။
သူတို့က ခေါင်းမာလွန်းသဖြင့် အဆုံးတွင် မည်သူကမှ မည်သူ့ကို နားမချနိုင်ကြပေ။
"တကယ်တော့ ဒီတစ်ခါ ငါတို့မှာ ကြယ်ပွင့်အသစ်တစ်ယောက်ရှိသေးတယ်ထင်တယ် auditionပွဲကစလို့ ဟင်းလေးမျိုးချက်ခဲ့ပြီး ချက်ခဲ့သမျှကလည်း ပြီးပြည့်စုံတယ် အရေးအကြီးဆုံးကတော့ သူ့ရဲ့ ချက်ပြုတ်မှုစွမ်းရည်က ငါတို့သိတဲ့သူတွေနဲ့မတူဘဲ သူ့ရဲ့ ပါဝင်ပစ္စည်းရွေးချယ်မှုကလည်း ပြိုင်ဘက်ကင်းပဲ သူကတော့ ကျုပ်တို့ကို ပရိသတ်ပိုများအောင် ဆွဲဆောင်ပေးနိုင်မယ်လို့ ကျုပ်ယုံကြည်တယ် အရေးကြီးတာက ပြိုင်ပွဲရဲ့ပုံစံကို ပြောင်းလဲပြီး အားလုံးအံ့အားသင့်စေမယ့် နည်းလမ်းသစ်တစ်ခုဖန်တီးဖို့ပဲ အရင်တုန်းကတော့ အဆောက်အဦးထဲမှာပဲ ပြိုင်ပွဲတွေကိုကျင်းပတယ် အရင်ဆုံးချက်မယ် ပြီးရင် ဒိုင်တွေက မှတ်ချက်ပေးကြမယ် ဒါတွေကို ပရိသတ်က ငြီးငွေ့နေမှာစိုးတယ် အပြင်မှာ ပရိုဂရမ်ကို စမ်းရိုက်ကြည့်သင့်တယ်” စုယန်က လျိုချီကန်းကို ယခင်က သူပြောခဲ့ဖူးသည့်စကားအား ထပ်မံအကြံပြုလိုက်၏။
"ပြိုင်ပွဲဝင်တွေက ပုံစံအသစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ ခက်လိမ့်မယ် အဲဒါဆိုရင်တော့ သူတို့ရဲ့ အရည်အချင်းတွေကို ကောင်းကောင်းမပြနိုင်ဘဲနဲ့ ပရိသတ်က ကျွန်တော်တို့ကို ဆိုးရွားတဲ့ရှိုးတစ်ခုလို့ သတ်မှတ်ကြလိမ့်မယ်" ဖျော်ဖြေရေး ဒါရိုက်တာက ပထမဆုံးငြင်းဆန်လာသည်။
ထပ်မံပြီး ပြင်းပြင်းထန်ထန် ငြင်းခုံကြသော်လည်း အဆုံးတွင် အဆုံးအဖြတ်မရရှိကြပေ။ ဒါရိုက်တာက စိတ်ဆိုးသွားပြီး 'နောက်တစ်ကြိမ် အစည်းအဝေးလုပ်သင့်တယ်'ဟု ပြောပြီး နောက်ဆုံးတော့ သူတို့ကို နှင်ထုတ်လိုက်သည်။
