Chapter 42

961 142 3
                                    

Unicode

[ဒီပြဿနာကို ဒီနေ့ထိ ငါတို့ နားမလည်ခဲ့ကြဘူး စားဖိုမှူးတွေက ပြင်ဆင်ပြီးသားကုန်ကြမ်းတွေကိုပဲ မှတ်မိကြတာ အဲ့ဒီအရာတွေရဲ့အစစ်အမှန်ပုံစံကို မသိကြဘူးဆိုတော့ သူတို့ရှေ့မှာ ရှိနေတာတောင်မမြင်ကြဘူး ငါတို့သိခဲ့ရတာက မမှန်တာဖြစ်နိုင်တယ်]

[ငါသဘောတူတယ် သူတို့ပုံသဏ္ဍာန်အစစ်ကို ငါတို့ လေ့လာသင့်တယ် အဲ့ဒါဆို သူတို့ကိုမြင်တဲ့အချိန်ကျရင် အနည်းဆုံးတော့ မှတ်မိနိုင်တယ်လေ မဟုတ်ရင် ငါတို့က သူတို့ကို ဖြုန်းတီးပစ်သလိုဖြစ်နေမှာ]

[ ဒီနေ့ ရှောင်ပိုင်နဲ့ဖန်းဝေ့ရွှမ်းဆီက အများကြီး သင်ယူခဲ့ရတယ် စားသုံးနိုင်တဲ့ပါဝင်ပစ္စည်းတွေ တောထဲမှာရှာဖွေနိုင်တဲ့အခွင့်အရေး ရနိုင်မယ်လို့ ငါယုံတယ်]

[ဟေ့ကောင် ငါတောထဲမှာ ပါ၀င်ပစ္စည်းအများကြီးတွေ့နေပြီ နောက်ပိုင်း တိုက်ရိုက်ထုတ်လွှင့်မှုမှာ ရှောင်ပိုင်လိုလိုက်လုပ်ပြီး ရှာကြည့်ဦးမယ် ငါကိုယ့်ဘာသာကိုယ် ချက်ပြုတ်စားနိုင်မလားဆိုတာ သိချင်နေပြီ]
[အကဲဖြတ်ဒိုင်လိုသေးလား အလန်းစားအလှလေး ၊ အစားသမားလေးလေ သိတယ်မလား]

မွန်းတည့်လုနီးတွင် ပြိုင်ပွဲဝင် ၆၀သည် ပထမဆုံးစုဝေးရာသို့ ပြန်လာခဲ့ကြသည်။

စပွန်ဆာများက သတ်မှတ်ထားသော ဟင်းချက်သည့်နေရာများတွင် ချက်ပြုတ်ရာတွင်လိုအပ်သည့် အထောက်အကူပစ္စည်းများနှင့် အသုံးအဆောင်မျိုးစုံ ပေးထားသည်။အချို့က ပြုံးပြုံးရွှင်ရွှင်နှင့် ယုံကြည်မှုအပြည့်ရှိကြပြီး အချို့သည်တော့ စိတ်ဓာတ်ကျပြီး စိုးရိမ်ပူ‌ပန်နေကြသည်။

" လွယ်လွယ်လေးပဲမဟုတ်ဘူးလား ဒီဟာကို ခရီးတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပေါ့ ငါတို့ ဘယ်သူ့ကိုမှ မဖယ်ထုတ်ပါဘူး  အေးအေးဆေးဆေးလုပ်ကြပါ" တင်ဆက်သူက သူတို့၏စိတ်ကို ဖြေလျှော့ပေးရန် ဟာသလုပ်လိုက်သော်လည်း ကုပိုင်ထံ တိတ်တဆိတ်လှမ်းကြည့်လိုက်သေး၏။
ပြိုင်ပွဲဝင်အများအပြားသည် နေ့လယ်စာချက်ပြုတ်ရန် ပြင်ဆင်နေကြပြီး ဟင်းချက်စရာများကို ထုတ်ယူပြီးဖြစ်သည်။ ဖယ်ထုတ်ခံရမည်မဟုတ်သော်ငြား သူတို့၏ ကောင်းမွန်သည့်စွမ်းဆောင်ရည်များက ပရိသတ်တွေ ပိုရရှိစေမည်ပင်။
ကုပိုင်သည်  ဖန်းဝေ့ရွှမ်းရှာတွေ့ခဲ့သော ဟင်းသီးဟင်းရွက်အချို့အပြင် ကန်စွန်းဥ၊ မှိုအချို့နှင့် သူတွေ့ရှိခဲ့သော ရစ်ငှက်တစ်ကောင်ကို သိုလှောင်ခန်းမှ ထုတ်ယူလိုက်သည်။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now