Unicode
Chapter 05 - ဒုတိယမြောက်ကမ္ဘာ
"ပကတိကမ္ဘာ၊ HXDG79205288GB မှ ကြိုဆိုပါသည် ကျေးဇူးပြု၍ သင်၏အသုံးပြုသူအမည်ကို သတ်မှတ်ပြီး တီဆိုသောအသံကိုကြားပြီးနောက် အသံထည့်သွင်းမှုကို စတင်ပါ" ချိုမြိန်၍ နား၀င်ချိုလှသောအသံတစ်ခု ထွက်ပေါ်လာသည်။
"တီ!"
ကုပိုင်က ကမန်းကတန်းဖြင့်"ပိုင်....ရှောင်ပိုင်"
"ဒင် အသုံးပြုသူအမည် ပိုင်ရှောင်ပိုင်ကို အောင်မြင်စွာ သတ်မှတ်ပြီးပါပြီ အသွင်အပြင် ဆက်တင်အား ပြုပြင်မွမ်းမံဦးလားဟု ကျွန်ုပ်မေးပါရစေ" ချိုမြိန်သောအသံက ထပ်၍မြည်လာပြီး ကုပိုင်အား ကနဦးနေရာသို့ ဆက်လက်လမ်းညွှန်ပေးခဲ့သည်။
ကုပိုင် ဘာပြောရမှန်းမသိချေ။
ရှောင်ပိုင်က သူတွေးထားသောနာမည်ဖြစ်သော်လည်း အစပိုင်း ပိုင်ဆိုသည်ကို တီးတိုးရေရွတ်လိုက်မိသည့်အချိန် ပုံရိပ်ယောင်လက်ထောက်က ၎င်းကို အလွန်စိတ်အားထက်သန်စွာနှင့် သတိပြုမိသွားမည်ဟု သူ မမျှော်လင့်ထားမိပေ။
ကောင်းပြီ၊ ပိုင်ရှောင်ပိုင်ကလည်း လက်ခံနိုင်စရာပါပဲလေ။
ပကတိကမ္ဘာသည် အဆင့်မြင့် ကြယ်စင်စုခေတ်နည်းပညာ၏ အခြားသောပြယုဂ်ဖြစ်သည်။ တစ်စုံတစ်ယောက်၏ စိတ်ဝိဉာဉ်နှင့်ချိတ်ဆက်ရန် intelligent brainမှတဆင့် ချည်နှောင်ရ၏။
ပကတိကမ္ဘာသို့ဝင်ရောက်သည့်အခါ intelligent brain ၏အဆင့်များက မတူညီကြချေ။ ရှန်ပိုင်၏ intelligent brainသည် နောက်ဆုံးပေါ် ဖြစ်သောကြောင့် သူ့တွင် ပကတိကမ္ဘာနှင့်ချိတ်ဆက်ရန် ထိပ်တန်းအခွင့်အရေးရှိသည်။
မူလက ရှန်ပိုင်တွင် ပကတိကမ္ဘာအကောင့်တစ်ခုရှိခဲ့သော်လည်း သူ၏စိတ်ဝိညာဉ်ပြောင်းလဲမှုကြောင့် ကုပိုင်သည် ၎င်းကို ပထမဆုံးအကြိမ်အဖြစ် ချည်နှောင်ရမည်ဖြစ်သည်။
ကုပိုင် ပြန်ပြောလိုက်သည်။"30 ရာခိုင်နှုန်း လျှော့ပါ"
ပကတိကမ္ဘာသို့ဝင်ရောက်သည့်အခါ သူ့မျက်နှာကိုမပြောင်းလဲရန် ရွေးချယ်နိုင်သည်။သူပြောင်းလဲချင်လျှင်ပင် အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲမည့်အစား သူ၏အစစ်အမှန်မျက်နှာကို အခြေခံ၍ ပိုကောင်းအောင် သို့မဟုတ် အနည်းငယ်ပိုဆိုးအောင် ပြုပြင်ပြောင်းလဲရုံသာတတ်နိုင်သည်။
