Chapter 39

1.5K 185 7
                                    

Unicode

"ဒီနေ့ရဲ့ စည်းကမ်းချက်တွေက ရိုးရှင်းတယ် မင်းတို့က လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ရှာပြီး နေ့လည်စာစားချိန်မတိုင်ခင် အရသာရှိတဲ့ဟင်းလျာတွေကို ချက်ပြုတ်ပေးရပါမယ် ဟင်းချက်ရင်လိုအပ်တဲ့ ပစ္စည်းတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို ပေးထားပေမယ့် အဓိကပါဝင်ပစ္စည်းတွေကိုတော့ မင်းတို့ကိုယ်တိုင်ပဲ ရှာရပါမယ်" တင်ဆက်သူက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလာသည်။ ရှင်းရှင်းပြောရပါက ဒီလိုပြိုင်ပွဲမျိုး သူပထမဆုံးကြုံဖူးတာဖြစ်၏။

ကြယ်စင်စုခေတ်တွင် အစားအသောက်နှင့်ပတ်သက်သည့် ပြိုင်ပွဲများ အလွန်နည်းပါးပြီး အခြေခံအားဖြင့်တော့ ပါ၀င်ပစ္စည်းများကို အဆောက်အဦးထဲတွင် အကုန်ပြင်ဆင်ပေးထားပြီးသားဖြစ်သည်။

စားဖိုမှူးများကို လူတွေက အထင်ကြီးကြသည့်အတွက် တောရိုင်းထဲတွင် ပါဝင်ပစ္စည်းများရှာရန် မည်သူကမှ မတောင်းဆိုဖူးပါချေ။ ထို့ကြောင့် ဤဂိမ်းပုံစံအသစ်သည် တင်ဆက်သူနှင့် ကြည့်ရှုသူများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ စားဖိုမှူးများက သူတို့ကို ဘာချက်ကျွေးမလဲဟု အကုန်လုံးက သိချင်နေကြလေသည်။

ထို့အပြင် ပရိတ်သတ်များသည် တောထဲတွင်ကြီးထွားလာသော ကုန်ကြမ်းများက မည်သည့်ပုံပန်းသွင်ပြင်ရှိလဲနှင့် အလားတူနေရာများတွင်လည်း အလားတူပစ္စည်းများကို ရှာတွေ့နိုင်မလားဆိုသည်ကိုပါ သိချင်နေကြ၏။ ထိုသို့ဆိုလျှင်  သူတို့ကိုယ်တိုင်လည်း အိမ်တွင် ချက်ပြုတ်နိုင်သည်ဟု ဆိုလိုသည်မဟုတ်ပါလား။

ကုန်တိုက်ရှိ ပစ္စည်းများ၏ စျေးနှုန်းကြီးမြင့်မှုကို တွေးတောမိကြသောအခါ ပရိသတ်အများအပြားသည် သိလိုမှုကြောင့် ဖန်သားပြင်ပေါ်ကို စိုက်ကြည့်နေကြသည်။
[တောထဲမှာ အမှန်တကယ် စားသုံးနိုင်တဲ့ ပစ္စည်းတွေရှိရင် ကောင်းမယ် ငါ့အိမ်နားမှာ တောအုပ်ကြီးတစ်ခုရှိပြီးတော့ အထဲမှာ အပင်မျိုးစိတ်ပေါင်းစုံ ပေါသောနေတာပဲ ဒါဆိုရင် သေချာပေါက် အဲဒီမှာစားလို့ရတဲ့ ပစ္စည်းနည်းနည်း ငါရှာလို့ရမှာပဲလေ]

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now