💗 အပိုင်း 4 💗

6.6K 514 31
                                    

Affection

💗 အပိုင်း 4 💗

ဘယ်လိုပဲ ရှင်း‌အောင်ဖတ်ဖတ် ရှုပ်ထွေးဆဲဖြစ်‌‌နေသည့် သင်္ချာမေးခွန်းတွေကို ကြည့်ပြီး ယွန်း မျက်ခုံးလေးတွေ တွန့်ချိုးသွားရသည်။

ဒီပုစ္ဆာတွေအားလုံးက ဟိုနေ့ကမှ မြူခိုး သူမကို အားလုံးရှင်းပြထားတာဖြစ်သည်။

အဲ့အချိန်တုန်းကတော့ အကုန်နားလည်ခဲ့ပြီး အခုကျမှ ဘယ်ကနေ ဘယ်လိုစတွက်ရမလဲ မသိတော့ပေ။

မြူခိုးဆီ ဖုန်းဆက်ပြီးပဲ လှမ်းမေးလိုက်ရင် ကောင်းမလား ......

ဟင့်အင်း အဲ့လိုလဲ မဖြစ်သေးပါဘူး ..... အချိန်တိုင်း မြူခိုးကိုချည်းပဲ သူမ အားကိုးနေလို့ မဖြစ်ပေ။

ပြီးတော့ ဒီပုစ္ဆာတွေအကုန်လုံးကို မြူခိုးက ရှင်းပြပြီးသားမို့ သူမဘာသူမပဲ ရအောင် အစဖော်ပြီး တွက်ရမည်။

"ဖွားဖွားရေ ...... တီတီ စာမလုပ်ဘဲနဲ့ ဒီအတိုင်းထိုင်နေတယ်....."

သူမတို့အိမ်ရဲ့ ၀က်ကလေးက လက်ထဲမှာ နို့ဘူးတစ်ဘူးကိုင်ပြီး သူမရှိရာသို့ လျှောက်လာကာ နို့သံလေးနဲ့ မာမီ့အား လှမ်းတိုင်လျှင် ယွန်း မျက်လုံးပြူးသွားရသည်။

"ဘာကိုစာမလုပ်ရမှာလဲ........ ဒီမှာ တီတီ အခု စာလုပ်နေတယ်လေ....... CoCo မမြင်ဘူးလား......"

"အဲ့တာ ဒီအတိုင်းစာအုပ်တွေဖွင့်ထားတာလေ...... သားသားမြင်တာတော့ တီတီက လက်ထောက်ပြီး ဒီအတိုင်း ထိုင်နေတာပါနော်......"

"အဲ့တာ စဉ်းစားနေတာလေ ...... သင်္ချာမေးခွန်းတွေကို ဘယ်လိုတွက်ရမလဲဆိုတာ ထိုင်ပြီး အကြံထုတ်နေတာ......."

"ဟူး ...... တီတီကတော့လေ ဖွားဖွားကို ရင်မောရအောင် ခဏခဏလုပ်နေတော့တာပဲ...... "

3 နှစ်အရွယ် တူ၀တုတ်က သက်ပြင်းချပြီး သူမအား ဆုံးမစကားပြောလာတာမို့ ယွန်း ပြောစရာစကားတွေ ပျောက်ရှသွားရသည်။

" မနက်ထဲက အဲ့သင်္ချာကို တွက်နေတာ အခုထိ မပြီးသေးဘူးလား သမီး ...... တခြားဘာသာတွေလဲ လုပ်ရအုံးမယ်...... စာကို အဲ့လိုအီလေးဆွဲပြီး လုပ်နေတာ မာမီ မကြိုက်ဘူးနော်...... မြန်မြန်သွက်သွက်လုပ် ......"

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now