💗 အပိုင်း 42 💗

6.1K 508 13
                                    

Affection

💗 အပိုင်း 42 💗

ကိုကိုက တစ်ချက်ကြည့်ရုံဖြင့် သူနဲ့ အင်ကြင်းရဲ့ အခြေအနေကို ရိပ်မိတယ်ဆိုလျှင် မာမီက CoCo လုံးရဲ့ စကားတွေနဲ့တင် သူနဲ့ အင်ကြင်းတို့ ဘယ်အနေအထား ရောက်နေပြီလဲဆိုတာ တန်းပြီး ခန့်မှန်းနိုင်သည်။

မာမီ့ရဲ့  အရာရာသိနိုင်စွမ်းကို မင်းစက် တကယ်ပဲ အံ့ဩမိသည်။

ရလဒ်အနေနဲ့ကတော့ သူ ထင်ထားသလိုပဲ မာမီက ဗေဒင်ဟောထားတဲ့အတိုင်း ဒီနှစ်အတွင်းမှာ အင်ကြင်းနဲ့ သူ့ကို ပေးစားဖို့ ကြံရွယ်နေပြီဖြစ်သည်။

"မဟုတ်သေးပါဘူး မာမီရာ....... သားတို့ လက်ထပ်ဖို့အတွက်က အရမ်းမစောလွန်းနေဘူးလား ....... သားနဲ့ အင်ကြင်းက အခုဆို ချစ်သူတွေ ဖြစ်နေပြီပဲဟာကို....... ပြီးတော့ တစ်ယောက်အကြောင်းတစ်ယောက်လဲ သိနေပြီးသား......လက်ထပ်တာက ဘယ်အချိန်ဖြစ်ဖြစ် လုပ်လို့ရပါတယ် ........

သားက အင်ကြင်းနဲ့ ချစ်သူဘ၀ကို လွတ်လွတ်လပ်လပ် ဖြတ်သန်းချင်သေးတယ်....... ပြီးတော့ သားရဲ့ ပရိတ်သက်တွေလဲ ရှိသေးတယ်လေ....... သူတို့တွေရုတ်တရက်ကြီး သား လက်ထပ်တဲ့ သတင်းကို ကြားလိုက်ရင် ဘယ်လောက်ရှော့ခ်ရသွားကြမလဲ......

ပြီးတော့ အဲ့တာကနေ ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားမယ်ဆိုရင် သားတစ်ယောက်ထဲတင် မဟုတ်ဘဲ သားအဖွဲ့ကိုပါ ထိခိုက်လာနိုင်တယ်လေ........ အင်ကြင်းလဲ သားပရိတ်သက်‌တွေဆီကနေ အမုန်းခံရနိုင်‌ခြေ ပိုများသွားနိုင်တယ်.......သားတို့ ဘက်ပေါင်းစုံက အခြေအနေတွေကို ထည့်စဉ်းစားဖို့လိုတယ် မာမီရဲ့ ...... အဲ့တာကြောင့် အရမ်းမလောဘဲ တစ်ဆင့်ချင်းစီ သွားတာ ပိုကောင်းမယ်လို့ သားတော့ ထင်တာပဲ........"

"အပြောကတော့ တကယ်ကောင်းတာပဲ မင်းစက်မဟာ ..... ဒါပေမဲ့ မင်းက မာမီ့သားပါ........ မင်း အပြင်မှာ ကဲရတာ မ၀သေးလို့ အင်ကြင်းနဲ့ လက်မထပ်ချင်သေးတာကို မာမီ မသိဘူး ထင်နေလား ......... မင်းအကြောင်းကို မာမီ အသိဆုံး ........ အိမ်မှာဆို မာမီတို့‌တွေ ချုပ်ခြယ်မှာ စိုးလို့ဆိုပြီး အလုပ်ကို အကြောင်းပြပြီး အပြင်ထွက်နေတယ်.......

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now