💗 အပိုင်း 16 💗

6.2K 515 22
                                    

Affection

💗 အပိုင်း 16 💗

မလှမ်းမကမ်းမှာ ရိုက်ကူးရေး လုပ်နေတဲ့ မင်းစက်နဲ့ YiRi တို့ကို ကြည့်ပြီး အင်ကြင်းခပ်‌‌ဖျော့ဖျော့ ပြုံးလိုက်မိသည်။

ရုပ်ရှင်ရိုက်နေတာဆိုပေမယ့် သူတို့နှစ်ယောက်ကို ကြည့်ရတာ ပရိတ်သက်တွေပြောသလိုပဲ Chemistry မိလွန်းသည်။

ဒီနေ့ Location က ပန်းခြံထဲမှာမို့ ရိုက်ကူးရေးကို ဝိုင်းကြည့်နေကြတဲ့ ပရိတ်သက်ကလဲ အများအပြားပင်။

"ကတ်......"

မင်းစက်ရော YiRi ရောက အမှားလုပ်တာ မရှိသလောက် နည်းတာမို့ ရိုက်ရတဲ့ Scenes တွေက မြန်မြန်ဆန်ဆန်ပဲ ပြီးသွားသည်။

မင်းစက်က YiRi အပါအ၀င် သူ့နားမှာရှိတဲ့ ရိုက်ကူး‌ရေးအဖွဲ့သားတွေကို ပြုံးပြကာ နှုတ်ဆက်ပြီးတာနဲ့ သူမရှိရာဆီ လျှောက်လာတာကြောင့် အင်ကြင်း အလိုက်တသိနဲ့ အနားမှာရှိတဲ့ ရေသန့်ဘူးကို ကြိုယူထားလိုက်သည်။

မင်းစက်ရောက်လာတာနဲ့ သူမ လက်ထဲမှာရှိနေတဲ့ ရေဘူးကို လှမ်းပေးလိုက်သည်။

သူ့ကို ရေဘူးပေးလာတဲ့ အင်ကြင်းကို မင်းစက် တစ်ချက်လှမ်းကြည့်ပြီး ဘာမှမပြော‌ဘဲ ယူလိုက်သည်။

ဟိုနေ့က သူပြောတာကို အလေးမထားရကောင်းလားဆိုပြီး ပြဿနာရှာခဲ့မိ၍ အင်ကြင်းက ဘယ်လိုလုပ်လိုက်လဲ မသိ..... ညတွင်းချင်းပဲ သူ့ဆီကို YiRi ရဲ့ အကြောင်းတွေ အသေးစိတ်စုံစမ်းပြီး ပို့ပေးလာသည်။

ပြီးတော့ အဲ့ထဲက အင်ကြင်းက သူလိုတာမှန်သမျှကို ပါးစပ်က ထုတ်ပြောစရာမလိုအောင် အလိုက်တသိနဲ့ လုပ်ပေးခဲ့သည်။ ဒါပေမဲ့ ထွေထွေထူးထူး ဘာစကားမှလဲ သူ့ကို မပြောတော့‌တာကြောင့် သူနဲ့ အင်ကြင်းကြားမှာ ပိုဝေးသွားသလိုမျိုး ခံစားရသည်။

မင်းစက် အခုလို မဖြစ်ချင်ပေမယ့် သူကပဲ ပြဿနာစရှာခဲ့သူမို့ အင်ကြင်းကို ဘယ်လိုပြန်‌ချော့ရမလဲဆိုတာကို တွေးပြီး အခက်တွေ့နေရသည်။

"နေ့လယ်စာ စားတော့မလား ....."

"အွန်း စားမယ်လေ......"

အင်ကြင်း ထမင်းဘူးအိတ်ကို ယူပြီး မင်းစက်အတွက် ပြင်ဆင်ထားတဲ့ နေ့လယ်စာကို ထုတ်လိုက်သည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now