💗 အပိုင်း 18 💗

6.2K 530 25
                                    

Affection

💗 အပိုင်း 18 💗

"မာမီက ဒီ‌နေ့ သားကြိုက်တဲ့ ကြက်သားလုံးလေး‌တွေ ကြော်ပေးမှာလားဟင် ....."

ဖောင်းဖောင်း အရိုးနွှင်ထားတဲ့ ကြက်‌‌ပေါင်အသားကို အတုံးသေးသေးလေးတွေ လှီးနေတုန်းမှာ သားက သူမခြေထောက်ကို လာဖက်ပြီး နို့သံလေးနဲ့ မေးလာသည်။

"အဟွန်း..... ဟုတ်တာပေါ့.....မာမီက ဒီနေ့ မာမီ့သားလေးကြိုက်တဲ့ ကြက်သားလုံးကြော် ကြော်ပေးမှာ......"

"ဆော့စ်ဝါဝါလေးလဲ လုပ်ပေးနော် မာမီ "

သားက Honey mustard sauce ကို သူ့ဘာသူ ဆော့စ်ဝါဝါလေးလို့ နာမည်ပေးထားသည်။

"အွန်း လုပ်ပေးမယ်နော်......"

ဖောင်းဖောင်း သဘောတူလိုက်တော့ သားက တခစ်ခစ်ရယ်ပြီး သူမအင်္ကျီစလေးကို ဆွဲလာသည်။

သား ဘာလုပ်မလဲဆိုတာကို ဖောင်းဖောင်း သိနေတာကြောင့် ခေါင်းလေး ငုံ့ပေးလိုက်သည်။

ထိုအခါ သားက ချစ်ဖို့ကောင်းစွာနဲ့ သူမပါးကို လာနမ်းသည်။

"မာမီ့ကို အရမ်းချစ်တယ်နော်....."

"မာမီကလဲ မာမီ့သားလေးကို အများကြီးချစ်တယ်နော်......"

သူမလဲ ချစ်ပါတယ်ဆိုတဲ့အကြောင်းကို သားရဲ့ ပါးလုံးလုံးလေးတွေအား ပြန်နမ်းပြီး ဖောင်းဖောင်း ပြောလိုက်တော့ သားက သဘောကျစွာ ထပ်ရယ်သည်။

"မောင့်ကိုကျ ဖယ်ထားပြီး သားအမိ ၂ယောက်ထဲ ချစ်တဲ့အကြောင်းတွေ ပြောနေကြတယ်ပေါ့လေ......"

မောင့်အသံကို ကြား၍ ဖောင်းဖောင်း လှည့်ကြည့်လိုက်တော့ မောင်က မီးဖိုချောင်တံခါး အပေါက်၀နားမှာ ရပ်ပြီး သူမတို့သားအမိကို ကြည့်နေလေသည်။

"ဒယ်ဒီ ....."

ဒယ်ဒီ့ကို မြင်တာနဲ့ CoCo ဒယ်ဒီ့ဆီကို ပြေးသွားလိုက်သည်။

ဒယ်ဒီက သူ့ကို ပွေ့ချီလိုက်တာနဲ့ CoCo လက်လေးတွေ ခြေထောက်လေးတွေကို ဆန့်တန်းကာ......

"ဒယ်ဒီ လေယာဉ်ပျံ.....လေယာဉ်ပျံ......"

ကောင်းစက် ပြုံးလိုက်ကာ သား သဘောကျတဲ့ လေယာဉ်ပျံ လုပ်ပေးလိုက်သည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now