💗 အပိုင်း 40 💗

6K 504 16
                                    

Affection

💗 အပိုင်း 40 💗

ခေါင်းရင်းနားက ထမြည်သည့်ဖုန်းသံကြောင့် မင်းစက် မျက်မှောင်ကြုတ်လိုက်မိသည်။

ကျစ်....... သည်အချိန်ကြီး ဘယ်သူလဲကွာ......

ဖုန်းက ကျမသွားဘဲ သူ မကိုင်မချင်း ဆက်ပြီး မြည်နေလေသည်။

"မင်းစက် ...... ဖုန်းလာနေတယ်..... ကိုင်လိုက်လေကွာ......."

မလှမ်းမကမ်းမှာ အိပ်နေတဲ့ ကိုမိုးညက အိပ်ချင်မူးတူးအသံနဲ့ လှမ်းပြောလျှင် မင်းစက် စိတ်ညစ်သွားရသည်။

မတတ်သာတဲ့အဆုံး ဖုန်းကို လှမ်းယူကာ ဘယ်သူခေါ်လဲဆိုတာကို ကြည့်လိုက်ရသည်။

ဖုန်းခေါ်တဲ့သူက တခြားမဟုတ်ဘဲ အင်ကြင်းဖြစ်နေတာကို မြင်လိုက်ရလျှင် မင်းစက် မကြည်မလင် ဖြစ်နေတာတွေရော၊ အိပ်ချင်နေတာတွေရော အားလုံး လွင့်စင်သွားရသည်။

ထို့နောက် အိပ်နေရာမှ ချက်ချင်းပဲ ကောက်ထိုင်ကာ ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို အင်ကြင်း......."

"နိုးပြီလား မင်းစက် ........"

နိုးနိုးချင်း အင်ကြင်းရဲ့ အသံလေးကို ကြားလိုက်ရတာကြောင့် မင်းစက် သူ့အလိုလို ပြုံးမိသွားရသည်။

"အွန်း နိုးပြီ ......."

"နိုးပြီဆို တခြားသူတွေပါ နှိုးလိုက်အုံး မင်းစက်....... နင်တို့ ဒီမနက်လုပ်ရမယ့် မစ်ရှစ်က လွယ်တယ်......... ‌နှစ်ယောက်က ဒီနားမှာရှိတဲ့ ဈေးကိုသွားပြီး ပေါက်စီနဲ့ ဒင်းဆမ်းသွား၀ယ်ရမှာ........ကျန်တဲ့ နှစ်ယောက်က ဒီမှာ လက်ဖက်ရည်ဖျော်ရမှာ........"

"ပေါက်စီနဲ့ ဒင်းဆမ်းကို နင်နဲ့ ငါပဲ သွား၀ယ်လို့မရဘူးလား အင်ကြင်း...... ဟို 3 ယောက်ကို ဒီမှာ လက်ဖက်ရည်ဖျော်ခိုင်းထားလိုက်မယ်လေ......."

သူ အဲ့လိုပြောလိုက်တော့ အင်ကြင်းထံမှ ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

"ဘယ်လိုလုပ် ရမှာလဲ မင်းစက်ရဲ့ ...... ပရိုဂရမ်က နင်တို့အဖွဲ့ကို ရိုက်ပြမှာလေ ...... နင်နဲ့ငါနဲ့ကို ရိုက်ပြမှာမှ မဟုတ်တာ...... အခုနိုးပြီဆိုရင် အိပ်ရာက ထပြီး မျက်နှာသစ်ဖို့လုပ်တော့ ....... ခဏနေရင် ရိုက်ကူးရေးစတော့မှာ....... ရိုက်ကူးရေး မစခင် ငါ့ဆီမှာ လက်ဖက်ခြောက်ထုပ်လာယူအုံးနော်......."

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now