Affection
💗 အပိုင်း 5 💗
"အား!!! နောက်ဆုံးတော့ schedule တစ်ခုပဲ ရှိတဲ့ နေ့မျိုး ရောက်လာခဲ့ပြီ ...... dorm ကို ပြန်ရောက်တာနဲ့ ဂိမ်း စဆော့ပြီပဲ......"
"အသံကို ထိန်းဆော့နော် Dean ......အခုချိန်မှာ Nick က အပြည့်အ၀ နေပြန်ကောင်းသေးတာ မဟုတ်ဘူး.......ကောင်းကောင်း အနားယူဖို့ လိုနေသေးတယ်......."
Nick နဲ့ Dean က dorm မှာ နှစ်ယောက်တစ်ခန်း နေရတာမို့ Dean ဂိမ်းဆော့မယ်ဆို Nick အား အနှောင့်အယှက် မဖြစ်အောင် ဆော့ဖို့ အင်ကြင်း မှာလိုက်သည်။
"ကျွန်တော် နားလည်ပါတယ် အစ်မအင်ကြင်းရဲ့ .......ကျွန်တော့်ကြောင့် Nick လုံး၀ အနှောင့်အယှက် မဖြစ်စေရပါဘူး...... ဒါနဲ့ ပြီးကျရင် အစ်မက ကိုစက်တို့အိမ် လိုက်သွားမှာဆို......"
"အွန်း ..... အန်တီရှင်မွေ့က ဒီနေ့ကို နံရိုးခေါက်ဆွဲစားဖို့ ခေါ်ထားလို့ရယ်......"
"ကောင်းလိုက်တာ...... ကျွန်တော်လဲ နံရိုးခေါက်ဆွဲ စားချင်တယ်......"
"မင်းစက်ပြန်ရင် Dean တို့အတွက် ယူလာမှာပေါ့ "
"တကယ်ကြီးလား ကိုစက် ..... ကိုစက် ပြန်လာရင် ကျွန်တော့်တို့အတွက်ပါ နံရိုးခေါက်ဆွဲ ယူလာမှာလား......."
သူ့ရှေ့မှာ နှစ်ယောက်တစ်တွဲလျှောက်ရင်း စကားတပြောပြောလုပ်နေတဲ့ Dean နဲ့ အင်ကြင်းကို မင်းစက် မှင်သေသေ ကြည့်နေမိရာမှ Dean က နောက်ကိုလှည့်ပြီး သူတို့အတွက်ပါ နံရိုးခေါက်ဆွဲ ယူလာမှာလားဟု မေးလျှင် မင်းစက် တုံ့ဆိုင်းမှုမရှိစွာဖြင့် ငြင်းဆိုလိုက်သည်။
"ဟင့်အင်း မယူလာပါဘူး ....... ငါက ဘာလို့ ယူလာရမှာလဲ......"
သူ့အဖြေကြောင့် အင်ကြင်းက အံ့ဩသလိုမျိုး ကြည့်လာလျှင် မင်းစက် လျစ်လျူရှုချင်ယောင်ဆောင်လိုက်သည်။
"ဟာ...... ဘာလို့လဲ ကိုစက်ကလဲ...... ယူလာပေးပါ...... အန်တီ့လက်ရာ နံရိုးခေါက်ဆွဲက အရမ်းကောင်းတာကို ..... ကျွန်တော် နောက်တစ်ခေါက် ထပ်စားချင်လို့ပါ ......."
"စိတ်မ၀င်စားဘူး......"
"ကိုစက်ကလဲ လုပ်ပါဗျာ....Please "
YOU ARE READING
💗 ချစ်မြတ်နိုးခြင်း 💗