Affection
💗 အပိုင်း 9 💗
"အန်တီထားရေ ...... အန်တီထား "
ဒေါ်ခင်ထားတစ်ယောက် နေမကောင်းပေမယ့် အိပ်ရာထဲမှာပဲ အချိန်ပြည့်လှဲမနေချင်တာကြောင့် ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး ပုတီးစိတ်နေတုန်းမှာ သူမကို ခေါ် နေတဲ့ အသံကို ကြားလိုက်ရ၍ ထကြည့်လိုက်သည်။
"ဘယ်သူလဲကွယ့်......."
"အန်တီထား ...... သား မင်းစက်ပါ "
"ဪ မင်းစက် ...... အေးအေး သား..... ခဏလေး အန်တီထား လာခဲ့မယ် "
သမီးက သူအလုပ်သွားတဲ့အချိန်တို့၊ အပြင်သွားတဲ့အချိန်တို့ဆို ခြံတံခါးကို အမြဲသော့ခတ်သွားလေ့ရှိတာကြောင့် ဒေါ်ခင်ထား နံရံမှာ ချိတ်ထားတဲ့ သော့ကို ယူပြီး မင်းစက်အား ခြံတံခါးဖွင့်ပေးလိုက်သည်။
"သား .....ဒီကို ဘယ်ကနေ ဘယ်လိုလှည့်လာတာလဲ ......."
"ဒီကိုပဲ တမင်လာခဲ့တာ အန်တီထား....... အင်ကြင်းက အန်တီထား နေမကောင်းဘူးပြောလို့ အန်တီထားအတွက် မုန့်နဲ့ အားဖြည့်စာ တချို့ ၀ယ်ပြီး လာပို့တာ....."
"တကူးတကကြီး ဒုက္ခရှာလို့ သားရယ်...... လာလာ အိမ်ထဲ၀င်အုံး ....... သမီးက ဒီနေ့ သူ့အဖေဆုံးတာနှစ်ပတ်လည်မို့ အန်တီထားတို့ လှူနေကျ မိဘမဲ့ဂေဟာမှာ သွားလှူတယ်လေ....... ခုဏကတော့ အန်တီထားဆီ ဖုန်းဆက်တယ်.......သူ ပြန်လာနေပြီတဲ့ ......."
"အဲ့ကို အင်ကြင်းတစ်ယောက်ထဲ သွားတာလား အန်တီထား......"
မင်းစက် သူ သိချင်နေတဲ့ မေးခွန်းကို အန်တီထားအား မသိမသာမေးလိုက်သည်။
"ဟုတ်တယ်သား ...... အစက အန်တီနဲ့ ၂ယောက်သွားမို့လေ ....... အန်တီက အခု နေမကောင်းတော့ သမီးတစ်ယောက်ထဲ သွားရတာ......အန်တီက သားနဲ့ နှစ်ယောက်သွားဖို့ ပြောပါသေးတယ်......သားသူငယ်ချင်းက သားမှာ ဒီရက်လေးပဲ နားရတာဆိုပြီး ပြောတော့ အန်တီလဲ ဘာမှထပ်မပြောတော့တာ......"
"အဲ့တာ အင်ကြင်း လျှောက်ပြောတာ အန်တီထား ....... သားက အခုလို နားရက်ရလဲ အခန်းထဲမှာ အေးအေးဆေးဆေး နားတတ်တဲ့ သူမျိုးမှ မဟုတ်တာ....... သူ ခေါ်ရင် သား လိုက်ခဲ့ပေးမှာပေါ့ ....... အခုလဲ သူ အဲ့ကိုသွားတာ သိပြီး သားက လာကြိုပေးမယ်ဆိုတာကို ကားက တစ်နာရီလောက် မောင်းရမှာ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြောနေလို့ သားလဲ အန်တီထားဆီပဲ သတင်းလာမေးလိုက်တာ......"
YOU ARE READING
💗 ချစ်မြတ်နိုးခြင်း 💗