💗 အပိုင်း 21 💗

7.7K 564 27
                                    

Affection

💗 အပိုင်း 21 💗

နှစ်ခေါက်ပြန်မသယ်ချင်တော့တာကြောင့် ကားထဲကနေ ယူရမယ့် ပစ္စည်း‌တွေအားလုံးကို အင်ကြင်း ယူချလာမိရာ ဓာတ်လှေကားစီးရမယ့်အချိန်ရောက်မှ အခက်တွေ့သွားရသည်။

သူမ အဖြစ်က လက်မှာဆွဲထားရတဲ့ အထုပ်ပေါင်းများစွာနဲ့ ဓာတ်လှေကားခလုတ်ကိုပင် နှိပ်ဖို့ မလွယ်တော့ပေ။

သူမအခက်တွေ့နေတုန်းမှာပဲ တခြားတစ်ယောက်က သူမကိုယ်စား ဓာတ်လှေကားခလုတ်ကို နှိပ်ပေးလိုက်တာကြောင့် အင်ကြင်း ၀မ်းသာသွားရသည်။

ကျေးဇူးတင်မယ်လုပ်လိုက်တော့ Leo ဖြစ်နေတာကြောင့် အင်ကြင်း အံ့ဩသွားရသည်။

"ဘာလို့ အဲ့လောက်ထိ ပစ္စည်းတွေအများကြီး သယ်လာရတာလဲ အင်ကြင်းရဲ့  ........ ကျွန်တော့်ကို အထုပ်တွေ ခွဲပေးလေ...... ကျွန်တော် ကူသယ်ပေးမယ်......"

"ဟို ရပါတယ် Leo ရဲ့ ..... ပစ္စည်းတွေကို နှစ်ခါပြန်မသယ်ချင်တာနဲ့ အင်ကြင်း တစ်ခါထဲပဲ ယူလာခဲ့တာ......."

"ပေးပါဗျာ..... မိန်းကလေးတစ်ယောက်ထဲ ဒီလောက်အထုပ်တွေအများကြီး ဆွဲထားတာကို ကျွန်တော်က ဘယ်လိုလုပ်ပြီး မျက်နှာလွှဲနေလို့ ရမှာလဲ ...... ဒီဘက်လက်က အထုပ်တွေ ကျွန်တော့်ကိုပေး အင်ကြင်း......"

"အဲ့တာဆိုလဲ မျက်နှာပူပူနဲ့ပဲ Leo ကို အကူအညီတောင်းရတော့မှာပဲ ...... ကျေးဇူးအများကြီးတင်ပါတယ်နော် Leo ......"

Leo က ကူသယ်ပေးမယ်ဆိုတာကြောင့် အင်ကြင်း မျက်နှာအရေထူစွာနဲ့ပဲ သူမ ညာဘက်လက်ထဲမှ အထုပ်တွေကို Leo အား လွှဲပြောင်းပေးလိုက်သည်။

"ဟင် ..... အထုပ်တွေက အလေးကြီးတွေပါလား....... အင်ကြင်း ဒီဟာတွေအကုန်လုံးကို လက်တစ်ဖက်ထဲနဲ့ သယ်နိုင်တယ်....."

Leo က အံ့ဩတကြီးနဲ့ ပြောတော့ အင်ကြင်း အရှက်ပြေ ရယ်လိုက်မိသည်။

"အဟွန်း ...... သယ်နိုင်တယ်ဆို ကျောင်းတုန်းက အင်ကြင်းရဲ့ နာမည်ပြောင်က ဟာကျူ‌လီလေ..... "

သူမရဲ့ စကားကြောင့် Leo ကလဲ ခပ်သဲ့သဲ့ရယ်လေသည်။

"ဒါနဲ့ ဒီလောက်အထုပ်တွေအများကြီး ဘာလုပ်တာလဲဟင် အင်ကြင်း......"

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now