💗 အပိုင်း 19 💗

6.9K 535 34
                                    

Affection

💗 အပိုင်း 19 💗

ညီမလေးတို့ စာလုပ်နေတဲ့‌နေရာနဲ့ မလှမ်းမကမ်းမှာ မင်းစက် ၀င်ထိုင်ပြီး ညီမလေးအား စာရှင်းပြနေတဲ့ မြူခိုးဆိုတဲ့ ကောင်လေးကို တစ်ချက်စိုက်ကြည့်လိုက်သည်။

ဒီကောင်လေးကို မာမီက ညီမလေးအတွက် ရည်ရွယ်ချင်နေမှန်း မင်းစက်သိသည်။ ဒယ်ဒီကလဲ အရာရာ မာမီ့သဘောမို့ မာမီက ဒီဟာဆိုဒီဟာပင်။

အမှန်အတိုင်း‌ပြောရရင် မာမီနဲ့ ဒယ်ဒီ သူတို့မောင်နှမ 4 ယောက်ကို ပြုစုပျိုးထောင်ခဲ့တဲ့ နည်းလမ်းကို မင်းစက် အရမ်းသဘောကျသည်။

မိဘဆိုတဲ့ ပါဝါနဲ့ အရာရာကို ချုပ်ကိုင်မထားဘဲ သားသမီးတွေ ဖြစ်ချင်တဲ့ ဆန္ဒကို အတတ်နိုင်ဆုံး လိုက်လျောပြီး ဖြည့်ဆည်းပေးသည်။

သူတို့ မောင်နှမ 4 ယောက်လုံး လုပ်ချင်တာမလုပ်ရလို့ စိတ်ဆင်းရဲရတယ်‌ဆိုတာ ဘ၀မှာ တစ်ခါမှ မရှိဖူးခဲ့ပါ။

မိဘဘက်က အဲ့လိုမျိုးတွေ နားလည်ပေးထားတော့ သားသမီးဖြစ်တဲ့ သူတို့တွေကလဲ မိဘကွယ်ရာမှာ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာမျိုးတွေ လုံး၀မရှိတော့ဘဲ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာကို မိဘအား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးရဲသည်။

ကျောင်းတုန်းက တခြားသူတွေ ဆေးလိပ်ခိုးသောက်ခဲ့ကြပေမယ့် သူကတော့ လုံး၀မသောက်ခဲ့။

အသက်ပြည့်တော့ သူ ကိုယ်တိုင် ဒယ်ဒီအား သား ဆေးလိပ်သောက်ကြည့်ချင်တယ်ဟု ဖွင့်ပြောခဲ့သည်။ အဲ့တုန်းက ဒယ်ဒီက သဘောကျသလိုမျိုး ပြုံးကာ သူ့အား ကိုယ်တိုင် ဆေးလိပ်မီးညှိပေးခဲ့သည်။

ကိုကိုဆိုလဲ ရယ်ရသည်။ မမဖောင်းဖောင်းကို ကြိုက်နေရဲ့သားနဲ့ အထက်တန်းမပြီးသေးခင် ရည်းစားမထားချင်တာနဲ့ပဲ မမဖောင်းဖောင်းကိုပါ စာကိုအာရုံစိုက်ရမယ့်အချိန်မှာ စာကိုပဲ အာရုံစိုက်တာကောင်းတယ်.... ရည်းစားထားတာ မကောင်းဘူး ဘာညာနဲ့ ဆုံးမစကားတွေ ပြောခဲ့သေးသည်။ နောက်စာမေးပွဲလဲ ပြီးသွားရော ချက်ချင်းကို ဖွင့်ပြောတော့တာပင်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now