💗 အပိုင်း 35 💗

6.7K 543 27
                                    

Affection

💗 အပိုင်း 35 💗

မင်းစက် စားမယ့် ပန်းကန်ထဲသို့ အင်ကြင်း ငရုတ်သီးမှုန့် အနည်းငယ်ထည့်ကာ စိတ်ထားတဲ့သံပရာသီးကို ညှစ်ပြီး ကြက်သွန်စိမ်းနဲ့ နံနံပင်ပါ ထည့်ပေးလိုက်သည်။

ပြီးတော့ တစ်ချက်နှစ်ချက် မွှေလိုက်ကာ ပန်းကန်ကို သူ့ဆီ ထိုးပေးလိုက်သည်။

"ရပြီလား......"

"အွန်း......"

မင်းစက်မှာ သူ့အတွက် အင်ကြင်း လုပ်‌ပေးနေတာတွေကို လိုက်ကြည့်ပြီး သဘောကျစွာ ပြုံးနေမိသည်။

"အစ်မအင်ကြင်း...... ကျွန်တော့်ကိုလဲ ကိုစက်လိုမျိုး ထည့်ပေးပါလား......."

"ဟင်...... ဒီလိုမျိုးလား Nick ......"

"ဟုတ်တယ် အစ်မအင်ကြင်း...... ရတယ်မလားဟင်......."

"ရတာပေါ့ Nick ရဲ့ ....... အစ်မကို ပန်းကန်ပေး......."

"ဘာကိုထည့်ပေးမှာလဲ....... Nick မင်းမှာ လက်မပါဘူးလား....... ကိုယ် စားချင်တာ ကိုယ့်ဟာကိုယ် ထည့်စားလေ....... ဘာလို့ သူများလျှောက်ထည့်ခိုင်းနေတာလဲ........"

"ကိုစက်က အဲ့တာတော့ မတရားတာပဲ...... သူကျတော့ အစ်မအင်ကြင်းကို ထည့်ခိုင်းပြီးတော့ ........."

"အဲ့တာက အင်ကြင်းက အရင်ထဲက ငါ့အတွက် လုပ်ပေးနေကျမို့‌လို့လေ........ မင်းနဲ့ ငါက တူမှ မတူတာ....... အဲ့တော့ မင်းက ကိုယ့်ဟာကိုယ်သာ ထည့်စားလိုက်တော့.....အမှန်ဆို မင်းတို့ ငါ့ကြောင့် အခုလို စားရတာနော် .......  ငါ့ကို ကျေးဇူးတင်သင့်တယ် ........"

"အေးပါကွာ ကျေးဇူးရှင်ကြီးရာ..... မင်းကြောင့် ငါတို့အခုလိုမျိုး အင်ကြင်းရဲ့ လက်ရာ ကြာဆံချက်ကို စားရတာပါ......အဲ့အတွက် ကျေးဇူးအများကြီးတင်တယ် ဟုတ်ပြီလား.......ပြီးတော့ Nick မင်းလဲ ထပ်မရှည်နဲ့တော့......မင်း စားချင်တဲ့ဟာကို ငါ ထည့်ပေးမယ် ဟုတ်ပြီလား........ ဒီအဖွဲ့ထဲမှာ ငါက အသက်အကြီးဆုံးဆိုတော့ ကိုယ့်ညီလေးကိုယ် ဂရုစိုက်ရမှာပေါ့ ....... မဟုတ်ဘူးလား ....."

Nick နဲ့ မင်းစက်ကြားမှ ပြဿနာက ကိုမိုးည ၀င်ပြီးဖျန်ဖြေပေးတော့မှပဲ ပြေလည်သွားသည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now