Affection
💗 အပိုင်း 34 💗
အင်ကြင်း ထမင်းကြော်ရန်အတွက် ထမင်းပေါ်ကို ပဲငံပြာရည်အနည်းငယ် စမ်းလိုက်သည်။
ပြီးလျှင် နှံ့သွားအောင် မွှေလိုက်ပြီး ပဲပြုတ်သည်ဆီမှ ၀ယ်ထားတဲ့ ပဲပြုတ်တစ်ထုပ်ကို လောင်းထည့်ကာ အရသာအတွက် ငံပြာရည် အနည်းငယ်ပေါက်ပြီး ငါးအသားမှုန့်အချို့ကို ထည့်လိုက်သည်။
ထို့နောက် ဒယ်အိုးလက်ကိုင်ကို ဆုပ်ကိုင်ကာ အားရပါးရ ထမင်းကို မွှေကြော်ပြီးတဲ့နောက်မှာတော့ မီးဖိုပေါ်မှ ချပြီး ပါးပါးလှီးထားတဲ့ ၀က်အူချောင်းနဲ့ ကြက်ဥ 3 လုံး ကြော်ဖို့အတွက် ဆီအိုးတစ်ခါထဲ တင်လိုက်သည်။
ထမင်းကြော်ကို ပန်းကန် 3 ချပ်ထဲ အညီအမျှ ခွဲထည့်ပြီးတာနဲ့ အိုးကို ဆေးရလွယ်အောင် ရေစိမ်ထားလိုက်သည်။
ထိုအချိန်မှာပဲ မီးဖိုပေါ်တင်ထားတဲ့ ဆီအိုးကလဲ ပူလာပြီမို့ အင်ကြင်း လှီးထားတဲ့ ၀က်အူချောင်းတွေကို ချက်ချင်းထည့်ကြော်လိုက်သည်။
ကြော်နေရင်းနဲ့ ၀က်အူချောင်း အနံ့လေးက မွှေးတက်လာလျှင် အင်ကြင်း သဘောကျစွာပြုံးလိုက်မိသည်။ ထို့နောက် ကြက်ဥ 3 လုံးကိုပါ half fried ထပ်ကြော်လိုက်သည်။
အားလုံး ကြော်လို့ လှော်လို့ပြီးသွားတဲ့အချိန်မှာတော့ နောက်ဆုံးအနေနဲ့ အင်ကြင်း ကော်ဖီ 3 ခွက် ဖျော်လိုက်သည်။
ပြီးလျှင် သူမပြင်ထားတဲ့ မနက်စာတွေကို စားပွဲပေါ် တင်နေတုန်းမှာပဲ ဘုရားရှိခိုးလို့ ပြီးသွားတဲ့ မေမေနဲ့ အပြင်သွားမယ့်ပုံစံမျိုး ပြင်ဆင်ထားတဲ့ ကိုကိုတို့က ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရောက်လာကြသည်။
"အနံ့က အိမ်ရှေ့ထိတောင် ရောက်တယ်..... မွှေးနေတာပဲ ..... ဘာတွေကြော်နေတာလဲ သမီး "
"သမီး ဟိုနေ့ကပြောတဲ့ အစ်မတစ်ယောက်ဆီက ၀ယ်ထားတဲ့ ၀က်အူချောင်းတွေ မေမေ...... ထမင်းကြော်နဲ့ တွဲစားရအောင်လေ......."
မေမေက ၀က်အူချောင်းတစ်ခုကိုယူပြီး မြည်းကြည့်သည်။ ပြီးနောက် စားကောင်းတယ်ဆိုတဲ့ သဘောဖြင့် ခေါင်းငြိမ့်ပြလေသည်။
YOU ARE READING
💗 ချစ်မြတ်နိုးခြင်း 💗