💗 အပိုင်း 37 💗

6.5K 504 22
                                    

Affection

💗 အပိုင်း 37 💗

"မာမီ......"

"ရှင် ......"

သူမရင်ခွင်ထဲကို တိုး၀င်လာပြီး တစ်ခုခုကို ပူဆာချင်နေပုံရတဲ့ သားကို ငုံ့ကြည့်ကာ ဖောင်းဖောင်း ပြုံးလိုက်သည်။

"သားကိုလေ......"

သားက စကားဆက်မပြောဘဲ ရပ်လိုက်တာကြောင့် ဖောင်းဖောင်း မျက်ခုံးလေးတွေ ပင့်တက်သွားရသည်။

"ဘာဖြစ်လဲ သားရဲ့ ဆက်ပြောလေ......"

"သားကိုလေ အစ်ကိုတစ်ယောက်လောက် မွေးပေးလို့မရဘူးလားဟင် မာမီ......"

ဖောင်းဖောင်း : "........."

သားရဲ့ ထူးထူးဆန်းဆန်း ပူဆာမှုကြောင့် ဖောင်းဖောင်း မှင်သက်သွားရသည်။

ကောင်းစက်မှာလဲ အလုပ်လုပ်နေရင်းနဲ့ လက်ထဲကိုင်ထားသည့် ဘောပင်န်ပင် လွတ်ကျသွားရသည်။

"သားလေ အစ်ကိုတစ်ယောက်လောက် လိုချင်လို့‌ မာမီ ..... ရတယ်မလားဟင်......"

"အစ်ကိုက မရနိုင်တော့ဘူးလေ သားရဲ့ ...... သားက မာမီတို့ရဲ့ ပထမဆုံး ကလေးလေးဆိုတော့ သားကပဲ အစ်ကိုကြီး လုပ်လို့ရမှာ ....... သားလိုချင်တယ်ဆို ညီလေး သို့မဟုတ် ညီမလေးပဲ ရတော့မှာ......."

"သားက ..... သားက အစ်ကိုပဲ လိုချင်တာ မာမီ...... အစ်ကိုတွေက အရမ်းအံ့ဩဖို့ကောင်းတယ်........ သားသူငယ်ချင်း မူပိုင်ရဲ့ အစ်ကိုဆိုလေ မူပိုင့်အပေါ်မှာ အရမ်းကောင်းတာ......မူပိုင်ကို ကုန်းလဲပိုး‌‌ပေးတယ်..... မူပိုင်နဲ့အတူတူ ဘောလုံးလဲ ကန်‌ပေးတယ်...... မုန့်လဲ၀ယ်ကျွေးတယ်.......အမှန်ဆို မာမီက အစ်ကိုတစ်ယောက် မွေးပြီးမှ သားကို မွေးတာမဟုတ်ဘူး......"

သားက နို့သံလေးနဲ့ နှုတ်ခမ်းစူကာ ပြောလာလျှင် ဖောင်းဖောင်း အသံထွက်ကာ ရယ်လိုက်မိသည်။

"အဟွန်း..... ဟုတ်ပါရဲ့ ...... မာမီ့သားလေး အစ်ကိုလိုချင်တာကို မာမီက မသိလိုက်ဘူးဖြစ်သွားတယ် ........ မာမီသိရင် အစ်ကိုတစ်ယောက်မွေးပြီးမှ သားကို မွေးပါတယ်....... အခုတော့ ဘယ်လိုလုပ်ကြမလဲ...... သားပဲ မာမီ့ဗိုက်ထဲကိုပြန်၀င်မလား......."

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now