💗 အပိုင်း 23 💗

6.9K 533 18
                                    

Affection

💗 အပိုင်း 23 💗

"မောင်ကလဲ ..... ကလေးကို နည်းနည်း ထပ်ကူညီပေးလိုက်တာ မဟုတ်ဘူး......"

ဖောင်းက ခုတင်ပေါ်မှာ အင်္ကျီတွေခေါက်ရင်း သူ့ကို ထိုသို့ပြောလာတာကြောင့် ကောင်းစက် မျက်ခုံးတွေ ပင့်တက်သွားရသည်။ ထို့ကြောင့် ဖောင်းရဲ့ ဘေးနားမှာ စွေ့ခနဲ ၀င်ထိုင်လိုက်ကာ.......

"မောင်က အဲ့ကောင်စုတ်လေးကို ဘာတွေများ ထပ်ပြီး ကူညီရအုံးမှာလဲ ဖောင်းရဲ့ ...... ပထမတစ်ခေါက်တုန်းကလဲ Leo ၀င်လာလို့ဆိုပြီး အသံသွင်းတာကို ရပ်လိုက်ထဲက အင်ကြင်းကို မင်း ချစ်နေပြီနော်လို့ မောင် သူ့ကို သတိပေးခဲ့တယ် ......အဲ့တုန်းကလဲ မဖြစ်နိုင်ပါဘူးဆိုပြီး သူ့ကိုယ်သူ မယုံခဲ့ဘူးလေ......

အခုလဲ သူ့စိတ်သူ မသိ‌သေးလို့ မောင်က အစ်ကိုတစ်ယောက်အနေနဲ့ သေချာ ရှင်းပြပေးလိုက်တာပဲ ..... အဲ့တာတောင်မှ မဟုတ်သေးဘူး ဆိုရင်တော့ အဲ့ကောင်စုတ်လေးကို မောင် ညီလို့ မသတ်မှတ်တော့ဘူး ဖောင်း ......"

"မောင်ကလဲ .... ဘာတွေလျှောက်ပြောနေတာလဲ..... မောင်က အစ်ကိုအကြီးဆုံးလေ..... ကိုယ့်ညီလေး အချစ်ရေးမှာ အခက်အခဲဖြစ်နေတာကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ ပြောပြရုံတင်မဟုတ်ဘဲ လက်တွေ့လဲ ကူညီပေးသင့်တာပေါ့ ......

မောင် ပြောပုံအရဆို အဲ့ Leo ဆိုတဲ့ အဆိုတော်ကောင်လေးက မင်းစက်အတွက် ကျိန်းသေပေါက် ပြိုင်ဘက် ဖြစ်လာနိုင်တယ်...... သူ့မှာ မန်နေဂျာမရှိလို့ အင်ကြင်းက ကူညီရတယ်ဆိုတော့ ‌မောင်က ဘာလုပ်နေလို့လဲ......"

"ဟမ်...... မောင်က ဘာလုပ်ရမှာလဲ...."

"မောင်က MD လေ ..... သူ့အတွက် မန်နေဂျာအသစ်‌တစ်ယောက်‌ရှာဖို့ကို မြန်မြန်ညွှန်ကြားရမှာပေါ့...... ပြောရရင် အဲ့ကောင်လေးလဲ Artist တစ်ယောက်ပဲလေ.... မန်နေဂျာမရှိတာ သူ့အတွက် ဘယ်လိုလုပ်ပြီး အဆင်ပြေမှာလဲ...... အဲ့တော့ ကိစ္စရှိတိုင်း အင်ကြင်းကို သွားရှာရာကနေ အင်ကြင်းနဲ့ လိုတာထက် ပိုရင်းနှီးသွားပြီး ‌‌ဖောင်းတို့အိမ်က မင်းစက် ကျန်ရစ်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..... အဲ့လိုဆို မောင့်တာ၀န်ပဲနော်...... ဖောင်းက မောင့်ကို မာမီနဲ့ပါ တိုင်ပြောမှာ....."

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now