💗 အပိုင်း 11 💗

5.8K 524 35
                                    

Affection

💗 အပိုင်း 11 💗

"နင့်အပေါ်မှ မဟုတ်ဘူး ..... ရှေ့လျှောက်လဲ ဘယ်သူ့ဘယ်သူကိုမှ တင်းကြပ်ဖို့ စိတ်ကူးမရှိဘူး ...... အရင်က လုပ်ခဲ့မိတယ်ဆိုတာကလဲ ငါ့ဟာငါ တစ်ယောက်ထဲ အစိုးရိမ်တွေလွန်ခဲ့မိတာ...... အဲ့အတွက် နင် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတယ်ဆိုရင် ငါ တောင်းပန်တယ်....... ထပ်ပြီး အဲ့လိုတွေ ဖြစ်မှာမဟုတ်တော့ဘူး .......

အန်ကယ်လ်စက်နဲ့ အန်တီရှင်‌မွေ့ တို့ရဲ့ ကျေးဇူးက ငါ့အပေါ်မှာ အများကြီး ရှိနေတာမို့ Electron ရဲ့ မန်နေဂျာတစ်ယောက်အနေနဲ့ ငါလုပ်ပေးသင့်တာမှန်သမျှ လုပ်‌ပေးနေအုံးမှာပါ......ဒါပေမဲ့ ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို နင့်အနေနဲ့ မကျေနပ်ဘူး၊ သည်းမခံနိုင်တော့ဘူးဆိုရင် လူပြောင်းလိုက်လို့ရတာပဲ ....... နင့်မှာ အဲ့လို လုပ်ပိုင်ခွင့်လဲ ရှိနေတာပဲ မဟုတ်ဘူးလား ......."

"အင်ကြင်း!!! "

"ငါ့ဘက်က ပြောစရာရှိတာ ပြောပြီးပြီဆိုတော့ ဖုန်းချလိုက်တော့မယ်........"

"နင် အဲ့လို စကားကို တစ်ဖက်သတ်အနိုင်ပိုင်းပြီး မပြောနဲ့ အင်ကြင်း....... ငါ ဆိုလိုချင်တာ အဲ့လိုသဘောမဟုတ်ဘူး ......"

"ဘယ်လိုသဘောပဲဖြစ်ဖြစ် ငါ့အတွက်က ကိစ္စမရှိပါဘူး....... တစ်ဖက်သတ်အနိုင်ပိုင်းပြီး ပြောတာလဲ မဟုတ်ဘူး......ငါ့ရဲ့ သဘောထားကိုပဲ ရှင်းရှင်းလင်းလင်း ပြောပြတာပါ ....... မနက်ကို စောစောထရမှာမို့ ငါ နားတော့မယ်.......နင်လဲ စောစောအနားယူပါ......"

အင်ကြင်း ပြောသွားခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်ရင်း မင်းစက် စိတ်ထဲမှာ ခံရခက်နေမိသည်။

ဟိုနေ့က သူ စားချင်တဲ့ ပုစွန်ကင်နဲ့ ထမင်းသုပ်ကို အင်ကြင်းကိုယ်တိုင် လုပ်ကျွေးခဲ့တာကို ကြည့်ပြီး သူတို့ နှစ်ယောက်ကြားမှာ အရင်လို အခြေအနေမျိုး ပြန်ဖြစ်ပြီလို့ မင်းစက် ထင်ထားခဲ့တာ .....

ခုဏပြောသွားတဲ့ အင်ကြင်းရဲ့ စကားတွေက သူ ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကြောင့် မင်းစက် ရင်ထဲမှာ မွန်းကြပ်လာရသည်။

သူနဲ့ အင်ကြင်း ကြားမှာ ဘာတွေဘယ်လို မှားယွင်းကုန်တာလဲဆိုတာ မင်းစက် တကယ်ကို မတွေးတတ်တော့ပေ။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now