💗 အပိုင်း 24 💗

6.5K 520 21
                                    

Affection

💗 အပိုင်း 24 💗

"တီတီအင်ကြင်းအတွက် သား လိ‌မ္မော်သီးလေးတွေ ယူလာပေးတယ်.......မြန်မြန်‌နေကောင်းသွားအောင်လို့ အများကြီး စားလိုက်နော်......"

နို့သံလေးနဲ့ အင်ကြင်းအား ကပ်ချွဲနေတဲ့ အကောင်ပေါက်လေးကို ကြည့်ပြီး မင်းစက် မပြုံးမိဘဲ မနေနိုင်။

အင်ကြင်းကလဲ အဲ့အကောင်ပေါက်လေးကိုဆို သည်းသည်းကိုလှုပ်နေတော့တာပင်။

ဟမ့် ..... သူ့ကို ဆက်ဆံတာနဲ့တော့ ကွာလိုက်တာ......

"ကျေးဇူးအများကြီးတင်ပါတယ်နော် CoCo လေး ...... တီတီအင်ကြင်း အများကြီး စားလိုက်မယ်နော်....."

"ဟီး.....ဟုတ် "

"ကဲ သားသား ..... တီတီအင်ကြင်းကို လိ‌မ္မော်သီးလေးတွေလဲ ပေးပြီးပြီဆိုတော့ မာမီတို့တွေ အိမ်ပြန်ရအောင်နော် ........"

သားရဲ့ လက်လေးကို လှမ်းဆွဲပြီး ဖောင်းဖောင်း ပြောလိုက်တော့ သားက သူမအား အထိတ်တလန့် မော့ကြည့်လာလေသည်။

"ဟင်...... သားက တီတီအင်ကြင်းဆီကို အခုမှ ရောက်တာလေ မာမီ......"

"တီတီအင်ကြင်းက မနက်ဖြန်ဆို အိမ်ပြန်ရပြီ သားရဲ့ ...... မာမီတို့တွေ မနက်ဖြန်မှ တီတီအင်ကြင်းဆီကို ထပ်သွားလည်ကြမယ်လေနော်......"

"ဟင့်အင်း ..... သားက မပြန်ချင်သေးဘူး မာမီ ...... သားက တီတီအင်ကြင်းနဲ့ စကား‌ပြောအုံးမှာ......"

CoCo လုံးက မမဖောင်းဖောင်း လက်ဆွဲထားတာကို ရုန်းဖယ်ပြီး အင်ကြင်းကို ပြေးဖက်တာကြောင့် မင်းစက် မျက်ခုံးတွေ ပင့်တက်သွားရသည်။

နေပါအုံး ....... ဒီကောင်လေး အခုတလော တော်တော်ဂျီကျတတ်လာတာပဲ .......

"ဆေးရုံက ကလေးလေးတွေ ကြာကြာနေလို့ မကောင်းဘူး CoCo လေးရဲ့ ...... အဲ့တာကြောင့် မနက်ဖြန်မှ တီတီအင်ကြင်းဆီ ထပ်လာလည်နော်.... တီတီအင်ကြင်းအိမ်မှာဆို CoCo လေး ကြိုက်သလောက် အကြာကြီးနေလို့ရတယ်....... အဲ့တာကြောင့် အခု မာမီရယ်၊ ဒယ်ဒီရယ်နဲ့ အတူတူ ပြန်လိုက်သွားနော်........ CoCo လေးက လိမ္မာတဲ့ ကလေးလေးပါ....ဟုတ်တယ်မလား ...."

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now