Affection
💗 အပိုင်း 32 💗
အိတ်ထဲမှာ ထည့်ထားတဲ့ ဖုန်းက မြည်လာတာမို့ အင်ကြင်း ထုတ်ပြီးကြည့်လိုက်သည်။
နံပါတ်စိမ်းဖြစ်နေတာမို့ ဘယ်သူပါလိမ့်ဟု အင်ကြင်း တွေးမိသွားရသည်။
"ဟယ်လို ....."
"မအင်ကြင်းထက်နိုင်လားဗျ......"
"ဟုတ်ပါတယ်ရှင့် ..... ဘယ်သူလဲ မသိဘူး "
"ကျွန်တော် မင်းစက်မဟာရဲ့ ပရိတ်သက်တွေ ပို့ပေးတဲ့ Food Truck လာပို့တာပါ...... အခု အရှေ့ဘက် ၀င်ပေါက်နားမှာ ရောက်နေတာ ရိုက်ကွင်းကို ရှာမတွေ့လို့ ဘယ်နားမှာလဲ မသိဘူးဗျ....."
"အာ.....ဟုတ်..... ရိုက်ကွင်းက အနောက်ဘက်ခြမ်းမှာရှင့် ..... အစ်ကိုရောက်နေတဲ့နားမှာ အင်္ကျီဆိုင်ရှိလားရှင့် ......"
"အင်္ကျီဆိုင်လား ......ခဏလေးနော်..... ဪ ဟုတ် တွေ့ပြီဗျ......"
"ဟုတ်..... အဲ့တာဆို အဲ့အင်္ကျီဆိုင်ဘေးက လမ်းထဲကို ချိုး၀င်ပြီး တည့်တည့် မောင်းလာရုံပါပဲရှင့် ...... "
"ဟုတ်ဟုတ် ..... ကျေးဇူးအများကြီးတင်ပါတယ်ဗျ......"
အင်ကြင်း ဖုန်းချလိုက်တာနဲ့ မင်းစက်က သူမအား စူးစမ်းသလို ကြည့်လာသည်။
"ဘယ်သူလဲ အင်ကြင်း......."
"နင့်ပရိတ်သက်တွေ Food Truck ပို့လိုက်တယ် မင်းစက်...... အဲ့တာ အခုရောက်နေပြီဆိုတာကို ဖုန်းလှမ်းဆက်တာ.... "
"ထပ်ပြီးလား....."
"အေး......."
"ဟူး..... သူတို့နဲ့တော့ ခက်ပါတယ်...... ဇာတ်ကား စစရိုက်တုန်းကလဲ တစ်ခါပို့ပေးပြီးပြီဟာကို .... အခုထပ်ပြီး ပို့ပေးကြပြန်ပြီ...... နောက်ပြီး အယ်လ်ဘမ်အသစ်ထွက်ရင်လဲ အများကြီး ၀ယ်ကြအုံးမယ်..... ငါ တကယ်ကို နားမလည်တော့ဘူး...... သူတို့ ဘာလို့ ပိုက်ဆံစုဖို့ မစဉ်းစားကြတာလဲ အင်ကြင်း......"
မင်းစက်စကားကြောင့် အင်ကြင်း သဘောကျစွာပြုံးလိုက်မိသည်။
"အဲ့တာက သူတို့ရဲ့ ပျော်ရွှင်မှုလေဟယ်..... သူတို့က နင့်ကို အဲ့လိုမျိုးတွေ Support လုပ်ပေးခွင့်ရတာကိုပဲ ပျော်နေကြတာ...... Food Truck ထပ်ပို့တာက ကြည့်ရတာ နင့်ရဲ့ ရိုက်ကွင်းနောက်ဆုံးနေ့ကို ဂုဏ်ပြုပေးမလို့ထင်တယ်......"
YOU ARE READING
💗 ချစ်မြတ်နိုးခြင်း 💗