💗 အပိုင်း 17 💗

5.8K 501 21
                                    

Affection

💗 အပိုင်း 17 💗

"တီတီအင်ကြင်း!! "

သူမဆီပြေး၀င်လာတဲ့ CoCo လေးကို အင်ကြင်း ဆီးကြိုလိုက်သည်။

ဒါပေမဲ့ CoCo လေးက အရှိန်နဲ့ ပြေးလာတာကြောင့် မမျှော်လင့်ထားစွာနဲ့ပဲ CoCo လေး သူမဆီ ရောက်တဲ့အချိန်မှာ အင်ကြင်း အရှိန်ကို မထိန်းနိုင်ဘဲ ဖင်ထိုင်လျက် လဲကျသွားရသည်။

"အင်ကြင်း!!!"

အင်ကြင်း လဲကျသွားတာ‌ကြောင့် မင်းစက် အလန့်တကြား ထရပ်လိုက်မိသည်။

"ဟယ်တော့ အင်ကြင်းလေး ဘာဖြစ်သွားသေးလဲ..... CoCo ကလေ ဖွားပြောတယ်...... မပြေးပါနဲ့‌ဆိုတာကို ..... အခုတော့ တီတီအင်ကြင်းကို နာအောင် လုပ်မိပြီ ....."

"အင်ကြင်း ရရဲ့လား ......"

"ရတယ် မင်းစက် ...... ငါ ဘာမှမဖြစ်ဘူးရယ်...... အာ့ "

ဘာမှမဖြစ်ဘူးလို့ ပြောလိုက်ပေမယ့် တင်ပါးနေရာက အတော်လေး အောင့်မျက် သွားတာကြောင့် အင်ကြင်း မျက်နှာရှုံ့မဲ့သွားရသည်။

CoCo လုံးမှာလဲ သူ့ကြောင့် နာသွားရတဲ့ တီတီအင်ကြင်းကို ကြည့်ကာ အမှားလုပ်မိတဲ့ မျက်နှာလေး ဖြစ်သွားသည်။

"တီတီအင်ကြင်း ..... အရမ်းနာသွားလားဟင်......"

"ရလား အင်ကြင်း...... ဘယ်နား နာသွားလဲ......"

ဖင်ထိုင်လျက်လဲကျတာကို ဘယ်နားနာသွားလဲဟု လာမေးနေသည့် မင်းစက်ကြောင့် အင်ကြင်း မျက်နှာပူသွားမိသည်။

"ရတယ်.....ရတယ် ...... ဘာမှ မဖြစ်ဘူးရယ်......"

အင်ကြင်းက ရတယ်ပြောပေမယ့် CoCo ပြေးလာတဲ့အရှိန်က မနည်းတာကြောင့် တော်တော်လေး နာသွားမယ်ဆိုတာ မင်းစက် မှန်းဆမိသည်။

ထို့ကြောင့် တူဖြစ်တဲ့ ၀က်ပေါက်စီလေးကိုပဲ စိုက်ကြည့်ပေးလိုက်တော့ ‌အကောင်ပေါက်လေးက သူ့အပြစ်သူ သိဟန်နဲ့ မာမီ့နောက်မှာ ၀င်ပုန်းလေသည်။

"တကယ် အဆင်ပြေရဲ့လား အင်ကြင်းလေး...... CoCo တီတီအင်ကြင်းကို နာအောင်လုပ်လိုက်တာ ပြန်တောင်းပန်လိုက်အုံးလေ......."

"တီတီအင်ကြင်း...... သားသား တောင်းပန်ပါတယ်နော်......"

CoCo က မျက်နှာငယ်လေးနဲ့ ပြောလာတာမို့ အင်ကြင်း သနားသွားရသည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now