💗 အပိုင်း 27 💗

7.1K 554 39
                                    

Affection

အပိုင်း 27

ဒုန်း ဆိုသည့် အသံအကျယ်ကြီးကို ကြားလိုက်ရတော့မှ သီဟ အသိပြန်၀င်လာရသည်။

ပုံမှန်မဟုတ်တဲ့ စိတ်အ‌ခြေအနေနဲ့ ကားမောင်းနေမိတာကြောင့် တစ်ခုခုကို ၀င်-တို-က်လိုက်မိမှန်း သိတဲ့အချိန်မှာ သီဟ တစ်ကိုယ်လုံး ထူပူသွားရသည်။

ထို့ကြောင့် ကားပေါ်မှ ချက်ချင်းဆင်းကာ ကြည့်လိုက်တော့ တိုက်မိသွားတာက စက်ဘီးနဲ့ အရုပ်သည် အဖိုးကိုဖြစ်သည်။

"အဖိုး ..... ရရဲ့လား ..... အဆင်ပြေရဲ့လား....."

"ရတယ် ....ရတယ် လူလေး .... အဖိုးဘာမှမဖြစ်ဘူး ..... စက်ဘီးကိုတိုက်မိသွားတာ..... အဖိုးက လန့်ပြီးပဲ လဲကျသွားတာ...... လူလေး အပန်းမကြီးဘူးဆိုရင် အဖိုးကို ဒီစက်ဘီးလေးပဲ ထူပေးလို့ရမလား......"

"ဟုတ်....ဟုတ်ကဲ့ အဖိုး....."

သီဟ ချက်ချင်းပဲ ကာတွန်းပုံပူဖောင်းလေးတွေ ချိတ်ထားသည့် အဖိုးရဲ့ စက်ဘီးကို ထူပေးကာ လဲကျနေတဲ့ အဖိုးကိုလဲ တွဲကူလိုက်သည်။

ထို့နောက် အဖိုးရဲ့ စက်ဘီး ဘာဖြစ်သွားလဲဟု တစ်ချက် စစ်ကြည့်လိုက်တော့ ကားနဲ့ တိုက်မိတာတောင် ဘာမှမဖြစ်သွားတဲ့ စက်ဘီးရဲ့ အခြေအနေကြောင့် သီဟ အံ့ဩသွားရသည်။

"အဖိုး ..... စက်ဘီးက ကျွန်တော့်ကားနဲ့ တိုက်မိသွားတာတောင် ဘာမှမဖြစ်သွားဘူးနော်....."

သူ အံ့ဩတကြီးနဲ့ ပြောတော့ အဖိုးက သဘောကျစွာ ရယ်သည်။

"အဟင်း..... ဟုတ်တယ် လူလေးရ..... အဖိုး စက်ဘီးက အရမ်းအကြမ်းခံတာ.... အဖိုးကို အခုလို ကူညီပေးလို့ ကျေးဇူးပါကွာ..... အခု အဖိုးလဲ ဘာမှမဖြစ်ဘူးဆိုတော့ ခွင့်ပြုအုံးနော့ ...."

"ခ....ခဏလေးပါ အဖိုး ..... စက်ဘီး ဘာမှမဖြစ်သွားရင်တောင် အဖိုးကတော့ ကျွန်တော်နဲ့ ဆေးခန်းခဏလောက် လိုက်ခဲ့ပေးပါနော်...... အဖိုးက အသက်လဲကြီးပြီဆိုတော့ ခုဏက စက်ဘီးပေါ်က လဲကျသွားတဲ့ ဒဏ်နဲ့ ခန္ဓာကိုယ်က တစ်ခုခုဖြစ်သွားနိုင်တယ်ရယ်......"

"ဘာမှမဖြစ်ပါဘူးကွ...... "

"ဟို ခဏလောက်ပဲ လိုက်ခဲ့ပေးပါ အဖိုးရယ်.....ကျွန်တော့်ကြောင့် ဖြစ်တာဆိုတော့ ဘာမှမလုပ်ပေးလိုက်ရင် ကျွန်တော် စိတ်ထဲ ဘယ်လိုမှကောင်းမှာ မဟုတ်လို့ပါ......"

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now