💗 အပိုင်း 7 💗

5.7K 460 19
                                    

Affection

💗 အပိုင်း 7 💗

သူမ ယူလာတဲ့ စပျစ်သီးပန်းကန်ကို ဖောင်းဖောင်း ဒယ်ဒီနဲ့ မာမီ ရှေ့မှာချပေးလိုက်သည်။

သားက စပျစ်သီးပန်းကန်ကို မြင်တာနဲ့ သူ့အဖိုးနဲ့ အဖွားကြားကို အတင်းတိုး၀င်ပြီး .....

"ဖွားဖွား ..... သားလဲ စပျစ်သီးစားချင်တယ်......"

ညစာစားပြီးတော့ ပေါင်မုန့်တစ်လုံးနဲ့ ‌ချောကလက်ဝေဖာနှစ်ခုကို ထပ်စားထားတဲ့ သားက အခု စပျစ်သီးပါ စားချင်တယ်ဟု ပြောလာချိန်မှာတော့ ဖောင်းဖောင်း မချင့်မရဲ ဖြစ်သွားရသည်။

"သားသား တော်ပြီ...... ဒီည စားတာ အရမ်းများနေပြီ ..... တော်ကြာ အစာမကြေဘဲ နေလိမ့်မယ်......."

"စပျစ်သီးလေး တစ်လုံး‌လောက်ကတော့ ဘာမှမဖြစ်ပါဘူး သမီးရဲ့ ...... ပြီးတော့ မြေးက ခုဏထဲက ခုန်ပေါက်ပြီးဆော့နေတာ...... ဒီအချိန်ဆို စားထားတာတွေလဲ အစာကြေသွားလောက်ပါပြီ ...... "

ရှင်မွေ့  ပြောပြောဆိုဆိုဖြင့် စပျစ်သီးတစ်လုံးကို မြေးဖြစ်သူအား ကမ်းပေးလိုက်သည်။

CoCo မှာ ဖွားဖွားရဲ့ စကားကြောင့် ကျေနပ်သွားရပြီး စပျစ်သီးလေးကို အိခနဲ ကိုက်ချလိုက်သည်။

"စားလို့ကောင်းလား မြေး......"

"ဟုတ် အရမ်းချိုတာပဲ ..... ဖွားဖွားအတွက်လဲ သားသား ယူပေးမယ်..... ဖိုးဖိုးလဲ တစ်လုံးစား ......"

ပန်းကန်ထဲမှ စပျစ်သီးနှစ်လုံးကို CoCo ဖိုးဖိုးနဲ့ ဖွားဖွား လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဖွားမြေးလေး ကျွေးလို့လား မသိဘူး..... စပျစ်သီးက ပိုတောင်ချိုနေသလိုပဲ ....."

ယွန်းမှာ အဖိုးနဲ့ အဖွားကြားမှာနေပြီး ကောင်းစားနေသည့် တူ၀တုတ်ကို မျက်လုံးလေးတွေ မှေးစင်းကာ စိုက်ကြည့်လိုက်သည်။

ယွန်း နည်းတူ ဖောင်းဖောင်းမှာလဲ သားကိုကြည့်ပြီး ခေါင်းရမ်းလိုက်မိသည်။

နှစ်ဖက်အဖိုးအဖွားရဲ့  မြေးဦးလေးဆိုတော့ သားက ဒီအဖိုးအဖွားတွေရဲ့  ချစ်ခြင်းတွေကြားမှာ ကြာလေကြာလေ ပြောရဆိုရခက်လေးဖြစ်လာသည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now