💗 အပိုင်း 10 💗

6.2K 509 30
                                    

Affection

💗 အပိုင်း 10 💗

အင်ကြင်း အမေ့ခြေထောက်ကို ဆေးလိမ်းပေးပြီးနောက် သူမအခန်းထဲကို ပြန်၀င်လာခဲ့သည်။

အခန်းထဲ၀င်၀င်ချင်းမှာပဲ ဖုန်းမြည်သံကို ကြားလိုက်ရတာကြောင့် အင်ကြင်း ယူပြီး ကြည့်လိုက်တော့ အဆို‌တော် Nara ရဲ့ မန်နေဂျာ မဂျူးဖြစ်နေသည်။

"ဟယ်လို ....."

"အင်ကြင်းရေ ..... စကားပြောဖို့ အဆင်ပြေလားဟင် ......"

"ဟုတ် ပြေပါတယ် မဂျူး ..... ဘာကိစ္စရှိလို့လဲဟင် ......."

"ပြောရမှာတော့ အရမ်းအားနာတာပဲ အင်ကြင်းရယ်...... ဟိုလေ မနက်ဖြန် Dean က မနက်ပိုင်း schedule ရှိလားဟင်......."

"Dean လား...... မရှိဘူး မဂျူး ....."

"ဟုတ်လား...... အဲ့တာဆိုရင် မနက်ဖြန်ညနေ ရှူတင်ကိုလေ မနက်ပိုင်း ရွှေ့လို့ရမလားဟင် အင်ကြင်း ....... "

"ဘာဖြစ်လို့လဲ မဂျူး......"

"ဒါရိုက်တာပေါ့ အင်ကြင်းရယ်...... ခုဏကမှ အစ်မဆီကို ဖုန်းဆက်ပြောတယ်......သူ မနက်ဖြန်ညနေ အရေးတကြီးခရီးသွားစရာရှိလို့ MV အတွက်ကျန်နေတဲ့ scenes တွေကို မနက်ပိုင်းနဲ့ အပြီးရိုက်ချင်တယ်တဲ့.......

အဲ့လိုမှ မဟုတ်ရင်တော့ သူ ခရီးကပြန်လာမှပဲ ဆက်ရိုက်နိုင်မယ်တဲ့ .....သူ့ခရီးကလဲ 15 ရက်လောက် ကြာမယ်တဲ့.......အဲ့လောက်ကြီးကျတော့ အစ်မတို့ဘက်ကလဲ အဆင်မပြေဘူး အင်ကြင်းရယ်.......အကုန်နှောင့်နှေးကုန်မှာလေ ဟုတ်တယ်မလား........ အဲ့တာကြောင့် အင်ကြင်းတို့ဘက်က မနက်ဖြန်ကို မနက်ပိုင်းလောက် လာပေးဖို့ အဆင်ပြေမလားလို့ လှမ်းပြီး request လုပ်တာ......"

"အင်ကြင်းက‌တော့ ကိစ္စမရှိဘူး မဂျူး......ဒါပေမဲ့ ကာယကံရှင်ဖြစ်တဲ့ Dean ကိုတော့ တစ်ချက်မေးကြည့်လိုက်အုံးမယ်...... ပြီးရင် အင်ကြင်း ဖုန်းပြန်ဆက်‌ပေးမယ်လေနော် ......"

"အွန်းအွန်း ..... ကျေးဇူးအများကြီးတင်ပါတယ် အင်ကြင်းရယ်........ Dean ကိုလဲ စိတ်မဆိုးဖို့ ပြောပေးပါနော်......"

"ဒီလိုကိစ္စမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိတာပဲ မဂျူးရယ်....... စိတ်ဆိုးစရာလားလို့ ...... အဲ့တာဆို အင်ကြင်း ဖုန်းပြန်ဆက်မယ်နော်......"

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now