💗 အပိုင်း 31 💗

5.5K 515 37
                                    

Affection

💗 အပိုင်း 31 💗

"ကိုကို ..... ပြဿနာတစ်ခုခု ရှိခဲ့တာတော့ မဟုတ်ပါဘူးနော်......"

သူ ရုတ်တရက်ကြီး ပြန်လာတာကို ပြဿနာတစ်ခုခုဖြစ်ပြီး ပြန်လာတယ်ဟု ထင်ကာ စိုးရိမ်တကြီးဖြစ်နေတဲ့ ညီမလေးကို ကြည့်ပြီး သီဟ သဘောကျစွာရယ်လိုက်မိသည်။

"မဟုတ်ပါဘူး အင်ကြင်းရယ်...... ကိုကိုက အစထဲက ပြန်လာဖို့ကို စီစဉ်ထားပြီးသား ...... ဒါပေမဲ့ ကိစ္စ‌တွေမပြတ်‌သေးလို့  လက်လွှဲပေးစရာရှိတာအကုန်လုံး လက်လွှဲပေးနေရတာနဲ့ အချိန်က အခုလိုတွေ ဖြစ်ကုန်တာ......  ဘာလဲ ညီမ‌လေး စိတ်ထဲမှာ ကိုကိုက ဟိုမှာပဲ တစ်သက်လုံးနေတော့မယ်လို့ ထင်နေတာလား........"

အင်ကြင်း ချက်ချင်းပဲ ကိုကို့အား ခေါင်းခါပြလိုက်သည်။

"ဟင့်အင်း မဟုတ်ပါဘူး ကိုကိုရဲ့ ...... အင်ကြင်းက ကိုကိုပြန်လာတာကို အခုချိန်ထိ မယုံနိုင်သေးလို့ပါ....... ကိုကို ဒီလိုမျိုး အပြီးပြန်လာတာ အရမ်း၀မ်းသာတာပဲ......အာ ဟုတ်သားပဲ ..... ရေ‌ခဲသေတ္တာထဲမှာ ၀က်လက်တွေ၀ယ်ထားတာရှိတယ်...... အစက ပိတ်ရက်မှ မေမေနဲ့ အတူတူ ၀က်လက်စွပ်ပြုတ် ချက်စားမို့ ...... ကိုကိုက ၀က်လက်စွပ်ပြုတ်ဆို အရမ်းကြိုက်တာမလား....... အင်ကြင်း အခုပဲ သွားချက်လိုက်မယ်......."

"ဟင်...... ညီမလေးက အဲ့လိုဟင်းမျိုးတွေတောင် ချက်တတ်နေပြီလား......"

"ချက်တတ်တာပေါ့ ကိုကိုကလဲ ...... ပေါင်းအိုးနဲ့ ချက်မှာဆို‌တော့ အရမ်းအကြာကြီး ချက်စရာ မလိုဘူး ..... ကိုကို ဒီမှာ မင်းစက်နဲ့ စကားခဏပြောနေနော်......"

သီဟ နှုတ်ခမ်းထောင့်စွန်းတွေ မြင့်တက်ကာ ညီမလေးအား ခေါင်းငြိမ့်ပြလိုက်သည်။

မင်းစက်မှာတော့ သူ တော်တော်ကြာကြာ မခံစားခဲ့ရတဲ့ အတိတ်က ခံစားချက်တချို့ကို ပြန်လည်ရရှိလိုက်တာကြောင့် မချင့်မရဲ ဖြစ်သွားမိသည်။

အရင်က သီဟနဲ့ အင်ကြင်းတို့ရဲ့ မောင်နှမဆက်ဆံရေးကို ကြည့်ပြီး သူလဲ အင်ကြင်းရဲ့ အစ်ကိုကြီး ဖြစ်ချင်ခဲ့တာပင်....... အင်ကြင်းသာ သူ့ကို သီဟလိုမျိုး ဆက်ဆံပေးရင် ဘယ်လောက်ကောင်းလိုက်မလဲဟု ငယ်ငယ်က မင်းစက် အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ဖူးခဲ့သည်။ အဲ့လိုဆို သူ့ညီမအရင်းဖြစ်တဲ့ ယွန်းလေးကို ချစ်ပေးသလိုမျိုး အသက်မကွာတဲ့ အင်ကြင်းကိုလဲ အစ်ကိုကြီးတစ်ယောက်လိုမျိုး လိုချင်တာ၀ယ်ပေးပြီး ကာကွယ်ပေးချင်ခဲ့တာဖြစ်သည်။

💗 ချစ်မြတ်နိုးခြင်း 💗Where stories live. Discover now