Affection
💗 အပိုင်း 30 💗
"ညီမလေး ..... မင်းစက်ရဲ့ မျက်လုံးအောက်ဘက်ကို Concealer လေး နည်းနည်းပိုသုံးပေးနော်......"
"ဟုတ်ဟုတ် အစ်မ......"
မင်းစက်ရဲ့ မျက်လုံးအောက်ဘက်က သိသိသာသာ ညိုနေတာကြောင့် makeup artist ညီမလေးကို Concealer ပိုသုံးဖို့ အင်ကြင်း အကြံပြုလိုက်သည်။
ပြီးမှ တခြားလူတစ်ယောက် လုပ်နေတဲ့အလုပ်ကို အခုလို ဘေးကနေ ၀င်စွက်ဖက်ခြင်းအား မင်းစက် သဘောမကျမှန်း သတိရလိုက်သည်။
"ဟုတ်တယ် ..... ဒီနားလေးတွေ ပိုဖြည့်ပေး....."
အင်ကြင်းပြောတာကို ထောက်ခံတဲ့အနေဖြင့် Makeup artist အား Concealer ပို့ဖြည့်ရမယ့်နေရာတွေကို မင်းစက် ထပ်ပြောလိုက်သည်။
အင်ကြင်းမှာတော့ ထိုအရာကိုကြည့်ပြီး ထူးဆန်းသွားရသည်။
သူမရဲ့ သတိလက်လွတ်ဖြစ်သွားမှုအပေါ်မှာ ကျိန်းသေပေါက် မင်းစက်တစ်ယောက် အရင်လိုပဲ စိတ်အနှောင့်အယှက်ဖြစ်သွားမယ်လို့ အင်ကြင်းထင်လိုက်ပေမယ့် သူမထင်ထားသလိုမျိုး မဖြစ်လာတာကြောင့် နားမလည်နိုင်ဖြစ်သွားရသည်။
ဘာလို့များ အခုလက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေက သူမရဲ့ အတိတ်ဘ၀နဲ့ တော်တော်များများ မတူညီတော့တာလဲ.......
"အစ်မအင်ကြင်း ....."
"ဟင် ဘာလဲ Nick ......"
"ကျွန်တော်နဲ့ ဒီဟန်းချိန်းက သိပ်ပြီး အဆင်မပြေဘူးရယ် ...... လက်မှာ ၀တ်ရတာ ကြပ်နေတယ်......"
"ဟုတ်လား...... အစ်မကို တစ်ချက်ပြကြည့် ......"
အင်ကြင်း Nick ရဲ့ လက်ကို ကိုင်ပြီးကြည့်လိုက်သည်။
"ဟုတ်သားပဲ ..... ဟန်းချိန်းက Nick ရဲ့ လက်နဲ့ တော်တော်ကြပ်နေတာ...... ဘယ်လိုဖြစ်လို့ပါလိမ့် ......"
"ဒါဆို အစ်ကို၀တ်ရမယ့်ဟာနဲ့ Nick ဝတ်မယ့်ဟာ မှားသွားတာလား မသိဘူး အင်ကြင်း ...... အစ်ကို့ဟန်းချိန်းကျတော့လဲ တော်တော်ကြီး ကြီးနေတယ်......."
"အင်ကြင်းကို တစ်ချက်ပြကြည့်ပါလား ကိုမိုးည ....."
ကိုမိုးညရဲ့ ဟန်းချိန်းကိုပါ အင်ကြင်း ယူကြည့်လိုက်သည်။
YOU ARE READING
💗 ချစ်မြတ်နိုးခြင်း 💗